(T/N: ဥပစာပါ စက္ကူနဲ့မီးငြှိမ်းလို့မရဘူး လောင်မှာပဲ ဘာကိုမှဖုံးကွယ်လို့မရဘူး တနေ့ပေါ်မှာပဲ)

''အခုတော့ '' ယန်းချင်းချီ တံခါးဘက် လက်ဆန့်တန်းလိုက်ကာ '' ပြန်လို့ရပြီ ငါလည်းအိပ်ချင်နေပြီ ''

ယွမ်မင်ရွှိ ယန်းချင်းချီ အခန်းထဲကနေ ဘယ်လိုကနေဘယ်လိုပြန်ထွက်လာခဲ့မှန်းမသိလိုက်ပါ။ သူအသိဝင်လာတဲ့အချိန် အခန်းပြင်ကိုတောင်ရောက်နေပြီ ဖြစ်သည်။ အားလုံးက ယန်းချင်းချီ၏ ထိန်းချုပ်မှုအောက်မှာလိုပင်။ ယွမ်မင်ရွှိတစ်ယောက် ကိုယ့်ခြေထောက်နဲ့ကိုယ် ယန်းချင်းချီအခန်းထဲဝင်သွားပြီး အလှောင်ခံရလို့ဝ၊ အဟားခံရလို့ဝမှ အခန်းပြင်ကိုကန်ထုတ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူ သူ့အခန်းသူပြန်လာလိုက်ကာ အိပ်ယာပေါ် ငူငူငေါင်ငေါင်ကြီးထိုင်နေပြီး ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည်။

ထိုအချိန်မှာပဲ သူ့ဖုန်း Notiတက်သံ ကြားလိုက်ရတာကြောင့် ဖုန်းကို စားပွဲပေါ်ကနေ ယူကြည့်လိုက်သည့်အခါ Wechatကနေ စာပို့လာသူမှာ ကျိုးရီရှင်းဖြစ်နေလေသည်။

[ ရှောင်ရွှိ ကိုယ်ပြန်လာဖို့ စီစဥ်နေပြီ ]

ဖုန်း Lockဖွင့်ပြီး Appထဲဝင်မကြည့်ဘူးဆိုလျှင်တောင် ဖန်သားမျက်နှာပြင်မှာပေါ်နေသည့် Noti Boxထဲက စာကိုကြည့်ရုံနဲ့တင် တဖက်လူက သူ့ဆီဘာတွေပို့ထားမှန်း သူသေချာမြင်နေရသည်။

ယွမ်မင်ရွှိ ဖုန်းမျက်နှာပြင်ကို ဗလာသက်သက်ကြီး ငေးကြည့်နေစဥ် နောက်ထပ် Notiဝင်သံ ထပ်မြည်လာပြီး မျက်နှာပြင်ပေါ်က ပြောင်းလဲသွားသည့် စာသားမှာ : [ မင်းကိုယ့်ကို လာကြိုမှာလား ]

ယွမ်မင်ရွှိ ရုတ်ရက်ကြီး ထရယ်လိုက်မိသည်။ သူ ယန်းချင်းချီပြောသည့်စကားများကို ပြန်သတိရမိသွားသည့်အခါ တဖက်လူစကားတွေက တော်တော်လေးမှန်သည်ဟု ခံစားလိုက်ရသည်။ လရောင်ငေးဖြစ်နေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငေးကြည့်နေရုံသာတတ်နိုင်ပြီး အမြင့်ဆုံးကိုလက်လှမ်းမမှီသည့် လရောင်ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သူက ကျန်းမော့ချန်ကိုပြန်လိုက်နေသည့်အချိန် သူ့အပေါ်ရှိနေသည့် ကျိုးရီရှင်းခံစားချက်တွေကလည်း ပြောင်းလဲသွားပြန်သည်။ ဒါပေမဲ့ အခုမတူတော့ဘူး။ သူ ကျန်းမော့ချန်ကိုထပ်မကပ်တော့ဘူး။ ကျိုးရီရှင်းကိုအသုံးချပြီး ကျန်းမော့ချန်ကိုနောင်တရအောင်ပြန်လုပ်ပစ်မည်။ 'ကျိုးရီရှင်းပြန်လာပြီ မင်းကိုဂရုစိုက်စရာမလိုတော့ဘူး'ဆိုသည့် အချိုးမျိုး ပြန်ချိုးပြမည်။ သူ လိုက်ကပ်နေတုန်းကကျ ကျန်းမော့ချန်က လျစ်လျူရှုထားခဲ့တာကြောင့် သူ့ကိုတန်ဖိုးမထားပဲ အဆက်အသွယ်ဖြတ်ထားခဲ့သည့် တန်ရာတန်ကြေးအတွက် သူနဲ့ကျိုးရီရှင်း အတူရှိနေတာကိုကြည့်ပြီး နောင်တတွေရနေစေရမည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now