'သိုးတစ်​​ကောင်​....'

'သိုးနှစ်​​ကောင်​....'

'သိုးသုံး​ကောင်​....'

'သိုး​လေး​ကောင်​...'

'သိုးငါး​ကောင်​....'

'​ကောင်​​လေးက အန္တရာယ်​များလိုက်​တာ'

အာရှီး....ပြန်​​ရေရ​တော့မယ်​!!

'သိုးတစ်​​ကောင်​....'

'သိုးနှစ်​​ကောင်​...'

'ဒါ​ပေမဲ့လည်း ကြိုက်ချင်​စရာ​လေး'

'သိုးတစ်​​ကောင်​'

'ဟင့်​အင်း...ကြိုက်​ကိုကြိုက်​တယ်​'

.

_______________________

ရိ​ပေါ်ကအခန်းတံခါးကိုဖွင့်​လိုက်​တယ်​။ ပြီးတာနဲ့တစ်​ဖက်​ကအခန်းကိုလှမ်းကြည့်​တယ်​။ ပွင့်​မလာ​သေးတဲ့တံခါးကို​ထပ်​​တွေ့ရတဲ့အခါ လက်​မှာပတ်​ထားတဲ့လက်​ပတ်​နာရီကိုကြည့်​လိုက်​တယ်​။

၇နာရီ ၂မိနစ်​...

ဘာလို့မထွက်​လာ​သေးတာလဲ?

ဒီ​လောက်​အ​စောကြီးနိုး​နေကြမဟုတ်​တဲ့ရိ​ပေါ်က အခု​တော့အ​တော်​​စော​စောကိုနိုး​နေတယ်​။ ထပ်​ပြီး​တော့ရယ်​စရာ​ကောင်းတာက သူဒီအခန်းတံခါးကိုဖွင့်​ဖွင့်​ကြည့်​​နေတာ ၄၆ခါရှိ​နေပြီ။
အခုထိ​​တွေ့ချင်​​နေတဲ့သူကိုမ​တွေ့ရ​သေးဘူး။

တံခါးပတ်​စ်​ကုဒ်​ကိုဖွင့်​ပြီးဝင်​သွားလို့ရ​ပေမဲ့ မဖြစ်​​​သေးဘူး။သူ့အပိုင်​ဆို​ပေမဲ့ ပိုင်​စိုးပိုင်​နင်းသိပ်​လုပ်​လို့မရ​သေးဘူးမလား။

နာရီကိုထပ်​ကြည့်​လိုက်​တယ်​ ၇နာရီ၎မိနစ်​....

အင်း....မနက်​စာအရင်​ဆင်းဝယ်​လိုက်​မယ်​။

ရှောင်းကျန့်​အလုပ်​သွားချိန်​နဲ့လွဲမှာစိုးလို့နီးနီးနားနားကပဲဝယ်​ဖို့လုပ်​ထားတဲ့ရိ​ပေါ်က တိုက်​​အောက်​​ရောက်​တာနဲ့ စိတ်​​ပြောင်းသွားတယ်​။

ရှောင်းကျန့်အကြိုက်​ အဟာရပြည့်​ဝတဲ့မနက်​စာ​ပြေးဝယ်​ဖို့အ​တွေးရသွား​တော့တယ်​။

'NOTHING' Where stories live. Discover now