"သူငယ်​ချင်းထက်​ပိုတဲ့ပက်​သတ်​မှုမျိုးပဲလိုချင်​တယ်​"

"...."

ရှောင်​ကျန့်​က ရုတ်​တစ်​ရက်​ကြီးအသက်​​တောင်​မရှူ မိ​တော့သလိုပဲ။ ​ကောင်​​လေး​ပြောတဲ့အဓိပ္ပါယ်​က သူထင်​​နေသလိုမျိုးလား။

"ဒီ​နေ့ကစပြီး ကျွန်​​တော်​က ခင်​ဗျားကိုလိုက်​​တော့မှာ"

ရိ​ပေါ်က ​ရှောင်းကျန့်​မျက်​နှာနားတိုးကပ်​ပြီး ခပ်​ရှရှ​လေသံ​လေးနဲ့​ပြောလာတာများ ငုတ်​တုတ်​​မေ့ချင်​စရာ။

ရှောင်းကျန့်​က မျက်​​တောင်​​တွေကိုနှစ်​ချက်​​လောက်​ပုတ်​ခတ်​လိုက်​တယ်​။

အခုသူက ​ကောင်​​လေးဆီကရည်းစားစကား​ပြောခံလိုက်​ရတာလား။

"အဲ့တာ​ကြောင့်​ အခုလိုမျိုးငုတ်​တုတ်​မ​မေ့သွား​အောင်​ကြိုတင်​ပြင်​ဆင်​ထားဖို့လိုမယ်​ထင်​တယ်​"

ရိ​ပေါ်ရဲ့ နှုတ်​ခမ်းစွန်း​လေး​တွေ​ကွေးတက်​သွားတာကလည်း သိပ်​ကိုစွဲလန်းချင်​စရာပါပဲ။

"အဟမ်း...မင်း...မပြန်​​သေးဘူးလား"

ရှောင်းကျန့်​က အ​ယောင်​​ယောင်​အမှားမှားနဲ့ရိ​ပေါ်လက်​ဖဝါး​တွေထဲ​ရောက်​​နေတဲ့ သူ့လက်​​တွေကိုဆွဲထုတ်​လိုက်​တယ်​။

ရှောငးကျန့်​လက်​ကလည်း​နွေး​နေတာ​ပေမဲ့ ​ရိ​ပေါ်လက်​ထဲမှာရှိ​နေတဲ့အ​နွေးဓာတ်​နဲ့ကကွာခြား​နေတယ်​။ ဘာမတူတာမှန်းမသိ​ပေမဲ့ လက်​ကိုဆွဲထုတ်​လိုက်မိတာကို ​နောင်​တရချင်​သွားတယ်​။

"အဟက်​...​ကျေးဇူးနဲ့လက်​​တွေ​တော်​​တော်​​နွေးသွားတာမို့ ပြန်​​တော့မယ်​"

ရှောင်းကျန့်​က ရိ​ပေါ်စကား​ကြောင့်​ စားပွဲ​ပေါ်က​အေးစက်​ပြီးအရာမယွင်းတဲ့​ရေ​နွေးနှစ်​ခွက်​ကိုကြည့်​လိုက်​တယ်​။ နားရွက်​ဖျား​လေး​တွေရဲလာပြီး လက်​နှစ်​ဖက်​ကိုချက်​ချင်းအိတ်​ကပ်​ထဲထည့်​လိုက်​မိတယ်​။

"​ကောင်း​သောညပါ ​ရှောင်းကျန့်​"

ရိ​ပေါ်က ​အခန်းတံခါးမပိတ်​ခင်​ ​ရှောင်းကျန့်​ကိုမျက်​စိတစ်​ဖက်​ပါမှတ်​ပြသွား​သေးတာ။ ​ရှောင်းကျန့်​မှာ​တော့ ချက်​ချင်းကိုအိပ်​ယာထဲ ​ခေါင်းမူးခြုံပြီး စိတ်​​တွေငြိမ်​​အောင်​ သိုးအ​ကောင်​​ရေ​ ​ရေတွက်​​နေလိုက်​တယ်​။

'NOTHING' Where stories live. Discover now