ပတ်​စ်​ကုဒ်​နှိပ်​တဲ့ ​ရှောင်းကျန့်​ရဲ့လက်​က​လေး​တွေကသွက်​​နေသလို နှုတ်​ခမ်းဖျား​လေးကပြုံး​နေတာကိုလည်း ရိ​ပေါ်က​တွေ့ပါတယ်​။ ​သူတကယ်ကို​​​ရှောင်းကျန့်​ဆီက မလွတ်​​မြောက်​နိုင်​ပါဘူး။ ဒီလို​အ​နေအထားက ​ငေး​နေရတာ​တောင်​ ​ရှောင်းကျန့်​ဟာ ရိ​ပေါ်အတွက်​​တော့အရာရာပါပဲ။ ဘယ်​လိုများ လွတ်​​မြောက်​ချင်​ဦးမှာတဲ့လဲ။

"​ကောင်​​လေး..."

"...."

ရိ​ပေါ်က ​ရှောင်းကျန့်​ကို​ငေး​နေမိတာဟာ ​ရှောင်းကျန့်​အသံကြားမှတံခါးပွင့်​​နေပြီမှန်းသိလိုက်​ရတယ်​။

"​ဟိုဟာ..."

"အင်း"

"....ကိုယ့်​လက်​..."

"အာ...အင်း"

ရှောင်းကျန့်​က ရိ​ပေါ်အိတ်​ကပ်​ထဲ​ရောက်​​နေတဲ့ သူ့လက်​​တွေကိုကြည့်​ရင်း​ပြောတယ်​။ အဲ့​တော့မှရိ​ပေါ်က အ​ယောင်​​ယောင်​အမှားမှားနဲ့ ​ရှောင်းကျန့်​လက်​ကိုလွတ်​​ပေးလိုက်​ရတယ်​။

"...."

"...."

လက်​လွတ်​​ပေးလိုက်​​ပေမဲ့လည်း တစ်​​ယောက်​က အခန်းထဲမဝင်​​သေးသလို တစ်​​ယောက်​ကလည်း လှည့်​မပြန်​​ဖြစ်​​သေးဘူး။

"အင်း...ပြန်​​တော့မယ်​"

"​အော"

အတန်​ကြာမှ ရိ​ပေါ်ကပြန်​​တော့မဲ့အ​ကြောင်း​ပြော​တော့ ​ရှောင်းကျန့်​က အသိဝင်​သူလိုလှုပ်​လှုပ်​ရှားရှားဖြစ်​လာတယ်​။

"ဟို...အိမ်​ထဲဝင်​ဦးမလား"

"ဟမ်​"

ရှောင်းကျန့်​ရဲ့အလျင်​စလို​နိုင်​တဲ့​မေးခွန်း​ကြောင့်​ ရိ​ပေါ်မှာအို့တို့အန်းတန်းနဲ့ပြန်​လှည့်​​လာမိတယ်​။

"မင်းရဲ့လက်​​တွေ ​အေး​နေလို့...​ရေ​နွေး​နွေး​လေး​သောက်​သွားရ​အောင်​လို့"

"အာ...ဟုတ်​တယ်​။ အင်း ​တော်​​တော်​ ​​အေးတယ်​ ဒီ​နေ့"

တစ်​​ယောက်​ကလည်း ဆုပ်​ကိုင်​မိထားတဲ့ခပ်​​နွေး​နွေးလက်​​တွေကိုမသိချင်​​ယောင်​သလို တစ်​​ယောက်​ကလည်း ​နွေး​နေတဲ့လက်​နှစ်​ဖက်​ကိုအချင်းချင်းပွတ်​လို့ အာ​ငွေ့​ပေးကာ ခန္ဓာကိုယ်​ပါတုန်​ပြမိလိုက်​ပါ​သေးတယ်​။

'NOTHING' Donde viven las historias. Descúbrelo ahora