''ဒါပေမဲ့ ဒါကြီးကမများလွန်းဘူးလား ''

''အား အဲ့ဒါကကျတော့ ချိန်ပေးဖို့ Scale ပျက်နေလို့တဲ့ သူ့(မ)ဘာသာသူ(မ)ချိန်ဆထည့်ပေးလိုက်တာ ''

လင်ကျီးပါးစပ်အဟောင်းသားလေးဖြင့် အိတ်ထဲက ဟင်းသီးဟင်းရွက်ငါးမျိုးကို မနာလိုစွာကြည့်ပြီး

''မနာလိုလိုက်တာ ''

လီမုန်ကလည်း သက်ပြင်းလေးချရင်း

''ကြည့်ရတာ မျက်နှာချောချောလေးကြောင့် အဆစ်ထည့်ပေးလိုက်တာဖြစ်မယ် ရှင်ကချောတာကို ''

ယန်းချင်းချီ သူမစကားကြောင့် ရယ်လိုက်ကာ

''ဘယ်လိုပဲဖြစ်ဖြစ် တော်သေးတာပေါ့ ''

သူတို့အဖွဲ့ ဟော်ရန်ဟိုတယ်ကို ပြန်ရောက်လာသည့်အခါ ပရိုဂရမ်အဖွဲ့ညွှန်ကြားမှုအတိုင်း ဒုတိယအထပ်ဆီသွားပြီး ပြိုင်ပွဲစဖို့ပြင်ဆင်တော့သည်။

ပြိုင်ပွဲက နှစ်ပိုင်းခွဲထားသည်။ ဟင်းချက်ရမည့်အဖွဲ့နှင့် သန့်ရှင်းရေးလုပ်ရမည့်အဖွဲ့တို့ဖြစ်သည်။ ဟင်းချက်တတ်တဲ့လူတွေက ဒုတိယအထပ်မှာနေခဲ့ရမည်ဖြစ်ကာ ကျန်အဖွဲ့သားတွေက အောက်ထပ်ကိုဆင်းပြီး သန့်ရှင်းရေးလုပ်ရမည်။

စွင်းရွှင်နှင့်ချန်ရွှမ်းလန်တို့နှစ်ယောက် အဖွဲ့ထဲဘယ်သူ ဟင်းချက်တတ်လဲ လိုက်မေးရပြန်သည်။ စွင်းရွှင်တို့အဖွဲ့ထဲမှာ သူရယ်၊ယွမ်မင်ရွှိရယ်သာ ချက်တတ်သည်။ သူ ယန်ရှောက်ရှောက်ကို ကြည့်လိုက်သည့်အခါ သူမက သူ့အကြည့်ကို မသိချင်ယောင်ဆောင်သလိုမျိုး အပေါ်ကြည့်၊အောက်ကြည့်လုပ်နေသည်။ စွင်းရွှင်စိတ်ထဲမှာ ယန်ရှောက်ရှောက်လည်း ချက်ပြုတ်တတ်မည်ဟုထင်လိုက်သည်။ သို့သော် သူမက ဘာလို့မချက်တတ်ဘူးပြောသလဲ သူလည်းနားမလည်ပေ။ သို့သော် ချက်ပြုတ်တဲ့အဖွဲ့မှာ သုံးယောက်ရှိရမည်ဖြစ်တာကြောင့် ယန်ရှောက်ရှောက်ကိုနေခိုင်းလိုက်သည်။

ယန်ရှောက်ရှောက်က လက်တခါခါ ခြေတခါခါဖြင့် ငြင်းလာသည်။

''ကျွန်မက အောက်ထပ်မှာ သန့်ရှင်းရေးလုပ်မှာ ဝေ့လန်နေခဲ့ပါစေ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now