ကွမ်မေ၏စောင့်ကြည့်ကွပ်ကဲမှုအောက်တွင် ယန်းချင်းချီတစ်ယောက် ဝေ့လန်နဲ့အတူတူ လေဆိပ်ဆင်းရပြန်သည်။ ပြွတ်သိပ်နေသည့် Fanအစုလိုက်ကြီး၊ ဓာတ်ပုံရိုက်သံ တဖျက်ဖျက်နှင့် 'မတိုးကြပါနဲ့' 'စည်းကမ်းရှိရှိရပ်ပေးကြပါ' ဟု အော်သံများက အရင်အတိုင်းပင်။

လေဆိပ်ကနေ အောင်အောင်မြင်မြင်ထွက်လာအပြီး နာနီကားပေါ်တက်လိုက်ချင်း ယန်းချင်းချီဖုန်းဖွင့်ကြည့်လိုက်သည့်အခါ Hot Searchပေါ်တွင် 《 ဝေ့လန်နှင့် လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》ဆိုသည့် ခေါင်းစီးကြီးက ပြူးပြူးကြီးပေါ်လာသည်။ သူ နှိပ်ကြည့်လိုက်တော့ သူတို့လေယာဥ်စီးနေတုန်း Variety Show တရားဝင် Weibo Pageကနေ Postအသစ်တင်ထားသည်။ အကြောင်းအရာမှာ အပိုင်း၉အတွက် လာရောက်ရိုက်ကူးပေးမည့် ဧည့်သည်သရုပ်ဆောင်များဆိုပြီး ဝေ့လန်၊ ယွမ်မင်ရွှိ၊ ကျိုးထုံနှင့် လင်ကျီးတို့ကို Mentionခေါ်ထားလေသည်။ ယင်းဟောဟုလန်တွေ့ ကျဲကျဲတို့မှာ တရားဝင် Weibo Pageအောက်သွားကာ ရွှန်းရွှန်းဝေအောင် ဝင်မန့်ထားကြသဖြင့် ယွမ်မင်ရွှိနှင့်အခြားသရုပ်ဆောင်နှစ်ယောက်၏ Fan Commentတွေကိုတွေ့ဖို့ ယန်းချင်းချီ တော်တော်လေး ဆွဲကြည့်လိုက်ရသည်။

Forumတွေထဲမှာ 《 Variety Show ရိုက်ရင် ဘယ်သူနဲ့အသင့်တော်ဆုံးလဲ 》ဆိုသည့် ခေါင်းစဥ်အောက် Voteပေးကြလျှင် တစ်နှစ်ပတ်လုံး ဝေ့လန်ကပထမရနေသော်ငြား တဖက်လူ၏ မကြောက်မလန့်ပြောရဲသည့်ပါးစပ်နှင့် စွမ်းအားကြီးသည့် နောက်ခံအင်အားကြောင့် ဘယ် Variety Showမှ ဝေ့လန်ကိုမဖိတ်ရဲပါ။ သူတို့ Variety Show၏ အတွင်းရေးအပုပ်အသိုးတွေကို ဘိုးဘေးလေးက စိတ်မကြည်ရင်မကြည်သလို ဖော်ပစ်လိုက်မှာကို အကုန် ကြောက်ကြသည်။ ထို့ကြောင့် ဒီတစ်ခေါက် ဝေ့လန်က 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》Variety Showတွင် ဧည့်သည်သရုပ်ဆောင်အဖြစ်ပါမည်ဟု ကြေငြာလိုက်သည့်အခါ အင်တာနက်သုံးသူတွေအားလုံး စိတ်ဝင်စားကုန်ကြသည်။ Marketing Account တွေကလည်း ဝေ့လန် ဒီ Variety Showမှာ ဘယ်လိုတွေရိုက်ကူးမလဲ အရမ်းကိုမျှော်လင့်နေပြီဟု အလုအယက်တွေတင်ကြတော့သည်။

ထို့နောက် 'နန်းဆောင်ကိုးဆောင်၏မြေတည်နေရာ'ဆိုသည့် Marketing Account တစ်ခုကနေ ဝေ့လန်နှင့် ယန်းချင်းချီ လေဆိပ်အတူတူဆင်းသည့် ဓာတ်ပုံတွေကို တင်လိုက်သည်။ တချို့ ဖြတ်လျှောက်တွေက ထိုပုံကိုသတိထားမိသွားသည့်အခါ [ ဝေ့လန်ဘေးက ရှောင်ကောကောက ဘယ်သူလဲဟင် ]ဟု မေးလာကြသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now