စက္ကန့်ပိုင်းလေးအတွင်းမှာကိုအတွေးတွေက ဆက်တိုက်ဆိုသလို ဝင်ရောက်လာတာများ။

ရုတ်တရက်ဆိုသလိုပဲ ရှောင်းကျန့်ခန္ဓာကိုယ်ကငြိမ့်ကနဲဖြစ်သွားပြီး ဘေးဘက်ကိုအနည်းငယ်ယိုင်သွားတယ်။ လန့်သွားတာကြောင့် စိတ်ငြိမ်ငြိမ်ထားပြီးအခြေအနေကိုစူးစမ်းကြည့်တော့ ဓာတ်လှေကားကရပ်နေကြောင်းသိရတယ်။

အလျင်အမြန်အရေးပေါ်ခလုတ်ကိုနှိပ်ဖို့်ပြင်တော့ တဖျတ်ဖျတ်လူးကာပျက်သွားတဲ့လျှပ်စစ်မီးအလင်းရောင်ကြောင့် ပါဝါဒေါင်းသွားမှန်းသိလိုက်ရတယ်။

တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်အနှံ့ကချွေးစေးတွေထွက်လာတာကိုခံစားနေရတယ်။ အခုသူက ဘာမှမမြင်ရတဲ့မှောင်မှောင်မဲမဲနေရာမှာ ဇောက်ထိုးကြီးဖြစ်နေသလိုပဲ။

အိတ်ကပ်အနှံ့ကိုဖုန်းလိုက်စမ်းတော့လည်း ဘယ်မှာမှရှာလို့မတွေ့နေဘူး။ တဖြည်းဖြည်းနဲ့အသက်ရှူ ရခက်ခဲလာပြန်ပြီ။ သူဒီလိုမှောင်မဲပီး တစ်ယောက်တည်းပိတ်မိနေတဲ့ခံစားချက်ကြီးကိုမုန်းတယ်။

နားထဲမှာလည်း အသံပေါင်းစုံကြားနေရသလိုပဲ။ အူလာတဲ့နားတွေကြောင့်ပါ လက်နှစ်ဖက်နဲ့အုပ်ထားလိုက်တယ်။

ကယ်ပါ...တစ်ယောက်ယောက်များကယ်ကြပါ။

တဖြည်းဖြည်းနဲ့ရှောင်းကျန့်ခန္ဓာကိုယ်ဟာအောက်ကိုပုံကျသွားတယ်။ လည်ပင်းတစ်ခုလုံးလည်းတစ်ဆို့နေပြီ။ အခုချိန်မျက်လုံးတွေမှိတ်လိုက်ချင်ပေမဲ့လည်း မမှိတ်ရဲသေးဘူး။

ရှင်သန်ရမဲ့အကြောင်းပြချက်တစ်ခုခုက သေချာပေါက်ရှိနေတာမို့။

.

____________________

ရိပေါ်ကရှာင်းကျန့်နဲ့ ဟိုတယ်မှာဆုံရလိမ့်မယ်လို့ဘယ်လိုမှမထင်မိဘူး။ ရှောင်းကျန့်က အဖြူ ရောင်ရှပ်လက်ရှည်ကိုဆင်ဆွယ်ရောင်အပေါ်ထပ်ကုတ်ကလေးထပ်ထားတယ်။ ညဉ့်ဦးရဲ့ လတ်ဆတ်ပျိုမျစ်မှုလေးပါပဲ။

ရွှေရောင်အနားသတ် မျက်မှန်ဝိုင်းလေးနဲ့ရှောင်းကျန့်က ရိပေါ်ရဲ့မြတ်နိုးရာအချစ်။ တစ်ခြားသူတွေရဲ့မြင်ကွင်းကနေ အပိုင်သိမ်းထုပ်ချင်စရာ ရိပေါ်ရဲ့အချစ်။

'NOTHING' Where stories live. Discover now