.

.

[ Unicode ]

ရှောင်းကျန့်က ကားမောင်းနေရင်း ပျံ့လွင့်နေတဲ့စိတ်အာရုံတွေကို ကားဟွန်းသံကျယ်ကျယ်တွေကြားတိုင်း မနည်းမနည်းပြန်စုစည်းနေရတယ်။ ဖြစ်နိုင်ရင်ရှေ့ဆက်သွားနေမယ့်ကားဘီးတွေကို ရပ်တန့်လို့ ကောင်လေးရှိရာဆီပြန်လှည့်လိုက်ချင်ပေမဲ့ အဲ့ဒီမြင်ကွင်းမျိုးကိုလည်း ထပ်ပြီးမမြင်လိုဘူးဖြစ်တယ်။

ကားမှန်ကိုချပြီး လေပြင်းပြင်းတွေနဲ့မျက်နှာကိုထိရိုက်စေလိုက်တယ်။ အသိစိတ်တွေစုစည်းလို့စုစည်းငြား ရေဒီရိုလိုင်းတွေလည်း တစ်ခုပြီးတစ်ခုပြောင်းနေမိတယ်။ အိမ်အမြန်ပြန်ရောက်ဖို့လိုနေပြီ။

ရှောင်းကျန့်က ကားပါးကင်ထဲရောက်တာနဲ့ ကားကိုအမြန်နေရာချလိုက်တယ်။ ပြီးတာနဲ့ဓာတ်လှေကားဆီအလျင်အမြန်လှမ်းတယ်။

ဓာတ်လှေကားက မရောက်လာသေးတာမို့ ခဏရပ်စောင့်နေရသေးတယ်။ စိတ်မငြိမ်သက်စွာ ခဏခဏပင့်တင်နေရတဲ့ ရွှေရောင်မျက်မှန်လေးကို ချွတ်လို့ အကျီ င်္အိတ်ကပ်မှာချိတ်လိုက်တယ်။

အနောက်နားမှာ သူ့လိုပဲဓာတ်လှေကားစောင့်တဲ့လူတစ်ယောက်ထပ်ရောက်လာတာကိုခံစားမိတယ်။ ဒါပေမဲ့လှည့်မကြည့်ဖြစ်တော့ဘူး။

အတန်ကြာဓာတ်လှေကားတံခါးကပွင့်သွားပြီးတော့ လူတစ်ချို့ထွက်သွားတယ်။ ရှောင်းကျန့်က အချိန်ဆွဲမနေဘဲ ဓာတ်လှေကားထဲဝင်လိုက်တယ်။ သူ့နောက်ကလူက လိုက်မဝင်လာဘဲနေရာမှာရပ်နေတဲ့အခါ ဓာတ်လှေကားထဲကရှောင်းကျန့်နဲ့မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတယ်။

ကောင်လေး!?

ကောင်လေးက ဘယ်လိုလုပ်ပြီး....

ဓာတ်လှေကားတံခါးမပိတ်ခင် သူအသေအချာတွေ့လိုက်ရတာက ကောင်လေးပါပဲ။

ကောင်လေးက ဘယ်လိုလုပ်ပြီး သူနဲ့အတူဒီကိုရောက်နေရတာလဲ။ ဟိုတယ်မှာပဲရှိနေမယ်လို့ထင်ထားတာ။

ဒါနဲ့ ကောင်လေးက ဘာလို့ဓာတ်လှေကားမသုံးတာလဲ။

သူနဲ့အတူနှစ်ယောက်တည်းရှိရတာကိုသဘောမကျလို့လား။

'NOTHING' Where stories live. Discover now