ရိပေါ်က ချွေးသံတစ်လုံးလုံးနဲ့ ၁၀လွှာကိုရောက်သွားချိန်မှာ ဓာတ်လှေကားတံခါးကပွင့်နေပြီ။
ဓာတ်လှေကားထဲမှာ နားကိုပိတ်လို့ ခေါင်းငိုက်စိုက်ချကာထိုင်နေတဲ့လူကိုတွေ့တော့ ရိပေါ်မှာ သက်ပြင်းမချနိုင်သေးဘူး။ ရိပေါ်ဓာတ်လှေကားနားရောက်ချိန်မှာပဲ ပြန်ပိတ်တော့မဲ့ တံခါးတွေကြောင့် ရိပေါ်က အလျင်အမြန်ပြေးလို့ လက်ထိုးခံလိုက်တယ်။
"ရှောင်းကျန့်"
ရိပေါ်က နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်ဘတ်ကြောင့် ရှောင်းကျန့် နာမည်ကိုခေါ်ဖို့အချိန်ပိစိလေးယူလိုက်ရသေးတယ်။
"ရှောင်းကျန့်"
"ကောင်လေး..."
ရိပေါ်ရဲ့ခေါ်သံကိုကြားတော့ စုံမှိတ်ထားတဲ့မျက်ဝန်းတွေကပါ ရိပေါ်ကိုအလှန့်တကြားမော့ကြည့်လာတယ်။
"ကောင်လေး..."
ရှောင်းကျန့်က ရိပေါ်ကို 'ကောင်လေး'လို့ပဲအတွင်တွင်ခေါ်နေခဲ့တယ်။ ၁၀မိနစ်နီးပါးလောက်ပဲကြာတဲ့ မတော်တဆမှုဖြစ်ပေမဲ့လည်း ရှောင်းကျန့်မှာ တော်တော်လန့်သွားပုံပါပဲ။
ရိပေါ်က ရှောင်းကျန့်အပြုအမူတွေအားလုံးအသေးစိတ်သိသူမို့ ရှောင်းကျန့်ဟာ အခုအခြေအနေမှာ စကားပြောဖို့တောင် အဆင်ပြေမနေဘူးဆိုတာ ရိပေါ်က ကောင်းကောင်းကြီးသိတယ်။ ဒါကြောင့်မို့ အဆင်ပြေရဲ့လားဆိုတဲ့စကားဟာလည်း ရိပေါ်နှုတ်က ထွက်မလာခဲ့ဘူး။
"အိမ်ပြန်မယ်"
"ကောင်လေး"
"အင်း"
"ကိုယ်အိမ်မပြန်နိုင်တော့ဘူး"
"အင်း လိုက်ပို့မယ်....ကျွန်တော့်လက်ကိုကိုင်ထား"
ရိပေါ်က လက်တစ်ဖက်ကမ်းပေးတဲ့အခါ ရှောင်းကျန့်က ရိပေါ်ရဲ့မျက်နှာကို လှမ်းကြည့်တယ်။ မျက်ဝန်းထဲက အားကိုးရိပ်ကလေးဟာ ရင်ခွင်ထဲမှာ ထာဝရထွေးပိုက်ထားချင်စရာပါပဲ။
ရိပေါ်လက်ဖဝါးကြီးထဲ ရှောင်းကျန့်လက်ချောင်းရှည်ရှည်လေးတွေရောက်လာတဲ့အခါ ရိပေါ်ကလက်တွေကိုဖိညှစ်ပစ်လိုက်တယ်။ အရင်ကထက် ပိုပြီးသေးသွယ်သွားသလိုလက်ချောင်းလေးတွေမို့ တဖွဖွကိုက်ပြီးအပြစ်ပေးလိုက်ချင်ပါရဲ့။
အခုများတော့ ဆုပ်ကိုင်ထားမိတဲ့ထိုလက်တွေကို အကျီ င်္အိတ်ကပ်ထဲထည့်လိုက်တယ်။
"ဒီဘက်တိုး"
လှည့်ကြည့်လာတဲ့ထိုလူ့အကြည့်တွေကို ရိပေါ်ကမသိချင်ယောင်ဆောင်ရင်း ပြောင်းလဲနေတဲ့ ဓာတ်လှေကားနံပါတ်တွေကိုကြည့်ပြီးရေတွက်နေလိုက်တယ်။ ပုခုံးစွန်းလေးတွေအချင်းချင်းရှပ်တိုက်သွားတဲ့အခါ ထိုလူကအနားတိုးလာမှန်းသိလိုက်ရတယ်။
သူ့စကားအတိုင်းနာခံပြီးတိုးလာတဲ့ ရှောင်းကျန့်က အသည်းယားစရာယုန်ဖြူ လုံးလေးနဲ့တူနေတာမို့ ကော့တက်ချင်နေတဲ့နှုတ်ခမ်းစွန်းကြီးဟာ ထိန်းလို့မရခဲ့ပါဘူး။
ရင်ဘတ်ထဲက နှလုံးခုန်သံကတော့ ရေတွက်လို့မရနိုင်တော့တာမို့ လွှတ်ထားပေးလိုက်တော့မယ်။
အချစ်နဲ့ဆို နှလုံးသားက စပ်စလူးနတ်ပူးမို့!
.
••••••••••••••••••••••••••••••••••••••••••••••••••
ကျန်တဲ့အချိန် ဘယ်လိုမှမအားတာမို့ မနက်တစ်နာရီခွဲကြီးထအပ်ရတာပါ ပရိတ်သတ်တို့ ╥﹏╥
Part - 16
Start from the beginning
