တစ်ယောက်တည်းကြောင်စီစီလေးကျန်နေတုန်း ဓာတ်လှေကားနံပါတ်တွေတစ်ဆင့်ပြီးတစ်ဆင့်တက်နေတာကိုကြည့်နေလိုက်တယ်။

မဟုတ်ဘူးမလား...

!!!??

ရုတ်တရက်ရိပေါ်ကြည့်နေတဲ့ ထို ဓာတ်လှေကားအလွှာပြဂဏန်းလေးတွေဟာ ပျောက်သွားတယ်။ ရိပေါ်ခေါင်းထဲ အပူလှိုင်းကြီးတစ်ခုဆောင့်တိုးသွားသလိုပဲခံစားလိုက်ရတယ်။

ရှောင်းကျန့်!!

ရင်ဘတ်ကြီးက ဗလာကြီးဖြစ်သွားတာများ အမြင့်ကြီးကပြုတ်ကျသူတစ်ယောက်လိုလို။ အလျင်အမြန်ပဲ အဆောက်အဦးကအရေးပေါ်ဌာနံပါတ်ကိုနှိပ်လိုက်တယ်။ ဖုန်းဝင်တာမစောင့်ဘဲ ခြေထောက်တွေကလည်း စတင်ပြေးလွှားတယ်။

ရှောင်းကျန့်....ရှောင်းကျန့်!

တစ်ဖက်က ဖုန်းပြန်ဖြေသံကြားတဲ့အချိန်မှာရိပေါ်က ထိန်းချုပ်ခန်းရှေ့ရောက်နေပြီ။ ကျားထက်ကိုမြန်တယ်ဆိုတာ တကယ့်ကိုနောက်တာမဟုတ်မှန်း ရိပေါ်ရဲ့ဇောကသက်သေပါပဲ။

"လူရှိတယ်! ဓာတ်လှေကားထဲမှာလူရှိတယ်"

"ဟုတ်ကဲ့...တောင်းပန်ပါတယ်။ fuseကျသွားတာကြောင့်ပါဗျ။ ကျွန်တော်တို့ ချက်ခြင်းလုပ်နေပါတယ်"

"မြန်မြန်...မြန်မြန်လုပ်ပေး"

"ဟုတ်ကဲ့...စက္ကန့်ဝက်လောက်ဆိုရပါပြီဗျ"

"အခု ဘယ်နှစ်လွှာလဲ...ဘယ်နှစ်လွှာမှာရပ်သွားတာလဲ!"

"၁၀လွှာပါ။ ကျွန်တော်တို့ရဲ့လိုအပ်ချက်ပါ။ နောက်မဖြစ်စေရပါဘူး လူကြီးမင်း...တောင်းပန်ပါတယ်"

ရှောင်းကျန့်ရှိနေတဲ့နေရာကို သိရတာနဲ့ရိပေါ်က ချက်ခြင်းထိန်းချုပ်ခန်းကနေပြေးထွက်တယ်။ အနောက်ကအော်ပြောနေတဲ့တောင်းပန်စကားတွေလည်းနားမထောင်ချင်ဘူး။

အခုစိတ်ထဲမှာ ရှောင်းကျန့်ကိုတွေ့ချင်နေတာမှ အရမ်းပဲ။ သူ့ရင်တွေပူလောင်နေလွန်းလို့။

ရိပေါ်က အရေးပေါ်လှေကားတွေကနေ ၁၀လွှာအထိတစ်ထောက်မနားဘဲပြေးတက်တယ်။ မောပမ်းရမဲ့ခန္ဓာကိုယ်ထက် စိတ်ရဲ့တည်ငြိမ်ရာ ရှောင်းကျန့်ရဲ့မျက်နှာလေးကိုမြင်ရဖို့က ဦးစားပေးမို့။

'NOTHING' Donde viven las historias. Descúbrelo ahora