ဒီတိုင်းပဲ ရှောင်းကျန့်ကိုကြည့်ချင်သေးလို့။
"ဟိတ်....ယူ ဘယ်သွားမလို့လဲ"
ရှောင်းကျန့်ခြေလှမ်းတွေ တစ်ရွေ့ရွေ့ဝေးကွာချိန်မှာ ရိပေါ်က ဘေးဘီကိုဂရုမစိုက်ဘဲ ရှောင်းကျန့်နောက်ကနေ လိုက်သွားမိတယ်။
အဲ့တာလည်း ပေးစရာအကြောင်းပြချက်မရှိဘူး။
ဒီတိုင်းပဲ ရှောင်းကျန့်နောက်လိုက်ချင်လို့...
တကယ်ဆို ရှောင်းကျန့်ရှေ့မှာသူဟာပိုပြီး ကောင်မလေးနဲ့နီးကပ်ပြလို့ရပေမဲ့ သူမလုပ်နိုင်ဘူး။ ဘာမှမသက်ဆိုင်တော့ပေမဲ့လည်း ရှောင်းကျန့်စိတ်ကွက်သွားမှာကိုတော့ဖြင့် အမှန်တကယ်ကိုမလိုချင်ပါ။ သူဟာ အခုချိန်ထိရှောင်းကျန့်နဲ့ပက်သတ်ရင် မပြောင်းမလဲအရင်နေရာမှာပဲရှိနေတုန်းပဲ။
ရှောင်းကျန့်ကတော့....
.
.
.
.
အခုလည်း ရှောင်းကျန့်နောက်မှာ သူရပ်နေတယ်။ ဒါပေမဲ့ ရှောင်းကျန့်က သူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်ဘူး။ အင်းပေါ့လေ ရိပေါ်နဲ့အတူရှိခဲ့တဲ့အတိတ်ကိုတောင် လှည့်မကြည့်ခဲ့တာ အခုလိုဓာတ်လှေကားစောင့်နေတာဆိုဝေးရောပေါ့။
ဓာတ်လှေကားပွင့်လာတဲ့အခါ ရှောင်းကျန့်ကဝင်သွားပေမဲ့ ရိပေါ်ကနေရာမှာပဲ ရပ်ကျန်ခဲ့တယ်။
တော်ပြီ...ဒီလောက်ထိလိုက်ခဲ့ပြီးပြီပဲ။
အနှောင့်အယှက်ပေးဖို့ထိတော့မရည်ရွယ်ထားတာမို့ ဓာတ်လှေကားကိုပဲထပ်ပြီးစောင့်လိုက်တာပေါ့။
ရှောင်းကျန့်က ဓာတ်လှေကားထဲရောက်သွားတဲ့အခါ ရိပေါ်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတယ်။ အဲ့ဒီအခါ ရိပေါ်ကိုတွေ့လိုက်ရတဲ့ ရှောင်းကျန့်မျက်ဝန်းတွေဟာ လင်းလက်သွားသလိုပဲ။ အဲ့ဒီအကြည့်ကို သေချာပေါက် ရိပေါ်ဖမ်းမိလိုက်ပါတယ်။
ဘာလဲ...ရှောင်းကျန့်က သူ့ကိုတွေ့လို့ပျော်သွားတာလား
....ဖြစ်နိုင်လို့လား...!!?
Part - 16
Start from the beginning
