အဲ့လိုရှောင်းကျန့်ရဲ့အကြည့်တွေကရိပေါ်အပြင်အတူပါလာတဲ့မိန်းကလေးဆီ စူးစမ်းသလိုအကြည့်တွေဝေ့ဝဲနေတာကိုတွေ့လိုက်ရတဲ့အခါ ရိပေါ်ကခါးပေါ်ရောက်နေတဲ့ တစ်ဖက်မိန်းကလေးရဲ့လက်တွေကိုဆွဲဖြုတ်ချင်သွားတယ်။

သို့သော်လည်း ရှောင်းကျန့်ဟာ သက်ဆိုင်သူလို့မဆိုသာတော့တဲ့အခါ ချက်ချင်းအကြည့်လွှဲလိုက်ရတယ်။ ရင်ဘတ်ထဲကပါ ဆစ်ကနဲဖြစ်တဲ့အခါ အံကိုတင်းနေအောင်ကြိတ်လိုက်မိသေးတယ်။

ရှောင်းကျန့်ဘေးကနေ ဖြတ်လျှောက်သွားရတဲ့အခါလည်း တုန်ချင်နေတဲ့ခြေထောက်တွေက ရိပေါ်စိတ်တွေဘယ်လောက်စိုးထိတ်နေတယ်ဆိုတာသိသာစေတယ်။

ပုခုံးယှဉ်လျက်အနေအထားမှာတော့ ခြေလှမ်းတွေဟာ ဆက်မလှမ်းချင်တော့လောက်အောင်လေးလံလာတယ်။ ဖြစ်နိုင်ရင် ဒီလိုဘေးမှာယှဉ်ရပ်ခွင့်လေးပြန်ရဖို့စိတ်ကူးယဉ်ချင်ပါသေးတယ်။

ရှောင်းကျန့်နဲ့ ကျောခိုင်းလျက်အနေအထားဖြစ်သွားချိန်မှာတော့ ရိပေါ်ကချက်ချင်းပဲခေါင်းလှည့်ကြည့်ချင်စိတ်ကိုထိန်းချုပ်ထားရတယ်။ ရှောင်းကျန့်က သူနဲ့တစ်လှမ်းပြီးတစ်လှမ်းဝေးသွားပြီလား၊ နေရာမှာပဲဆက်ပြီးရှိနေသေးသလားဆိုတာကို သိချင်လွန်းလို့ရူးမတတ်ပါဘဲ။

အဲ့ဒီနောက်မှာတော့ ခြေလှမ်းတွေအရှိန်မြှင့်မိတာက ဓာတ်လှေကားထဲမြန်မြန်ရောက်ချင်လို့။ ဓာတ်လှေကားထဲဝင်ပြီးတဲ့အခါအပေါက်ဘက်မျက်နှာမူလိုက်တယ်။

နေရာမှာရပ်နေဆဲရှောင်းကျန့်ကျောပြင်ကိုတွေ့ရတဲ့အခါ ရိပေါ်နှလုံးသားလေးက ရွှင်ပျမှုတွေတစိမ့်စိမ့်ယိုထွက်လာတာများ စိုးထိတ်မှုတစ်စုံတစ်ရာတောင်ရှာလို့မတွေ့ပြန်တော့ဘူး။ မျက်တောင်ဖျားလေးတွေက ခပ်သာသာလေးလှုပ်ခတ်မိတယ်။ ခပ်ကြမ်းကြမ်းသာဆို မျက်လုံးလေးထိခိုက်ပြီး မျက်ရည်ပူတွေကျလာမှာစိုးတာကြောင့်။

အချိန်ကသိပ်ကိုတိုတောင်းလွန်းတာကြောင့် ရှောင်းကျန့်ဆီကအကြည့်မခွာသေးခင်မှာဘဲ ဓာတ်လှေကားတံခါးကပိတ်သွားတယ်။

ချက်ချင်းပဲ ခလုတ်ကိုဆက်တိုက်နှိပ်ပြီးပြန်ဖွင့်မိတာက မယ်မယ်ရရပေးစရာအကြောင်းပြချက်မရှိဘူး။

'NOTHING' Where stories live. Discover now