ဂျီမင် သူ့ရှေ့မှာ အတွေးများနေတဲ့ထိုသူ့ကိုကြည့်ရင်း ခံစားချက်တချို့၀င်လာခဲ့သည်..
အကယ်၍ ထယ်ယောင်းသာ Stevenအကြောင်းသိသွားရင်တောင် သူစိုးရိမ်စရာမလိုဘူးဟူ၍ပင်...
ထယ်ယောင်းက ကလေးချစ်တတ်သလို Stevenကလည်း ဖခင်မေတ္တာကိုလိုအပ်သည်..
မိဘအရင်းတွေကိုသိခွင့်တောင်မရတဲ့ Stevenကိုကြည့်ရင်း ဂျီမင်၀မ်းနည်းမိသည်..
အကယ်၍ ထယ်ယောင်းသာ Stevenကိုလက်ခံနိုင်ရင် သူထယ်ယောင်းကိုခွင့်လွှတ်ဖို့ဆန္ဒရှိသည်..

ဂျီမင် အနည်းငယ်တွေဝေနေရာကနေ...

"ထယ်ယောင်း ငါမင်းကိုပြောစရာ...အသိပေးစရာတခုရှိတယ်"

"ပြောလေ ဂျီမင်"

"တကယ်တော့ ငါ...."

*Ring*Ring*

ထယ်ယောင်းက ဂျီမင်ကို့အားနာသလိုကြည့်ရင်း အိပ်ကပ်ထဲကဖုန်းကိုအသာထုတ်ယူလိုက်သည်..
Screenမှာပေါ်နေတဲ့ နာမည်တခုကြောင့် ဂျီမင်ကိုယ့်ကိုယ်ကိုလှောင်ရီချင်မိသည်..

"ငါ ဖုန်းခနလောက်..."

ဂျီမင် ပြတင်းပေါက်ဖက်ကိုပြန်လှည့်လိုက်ရင်း..

"ပြောလေ "

"ကျေးဇူး"

ထယ်ယောင်းဖုန်းကိုယူရင်း အခန်းပြင်ကိုထွက်သွားသည်အထိ ဂျီမင်တုတ်တုတ်ပင်မလှုပ်မိ..

'ပတ်ဂျီမင် မင်းတကယ်တုံးအတာပဲ..
ကမ်ထယ်ယောင်းက ကမ်ဆော့ဂျင်တယောက်ထဲကိုပဲကြည့်နေခဲ့တာလေ..
သူက Stevenကိုလက်ခံနိုင်မှာမဟုတ်ဖူး..
အဲ့လိုဆို Stevenအတွက် ပို၀မ်းနည်းစရာကောင်းတယ်မလား'

မကြာခင်မှာပင် အလျင်စလိုဖြစ်နေသည့် မျက်နှာနှင့် ထယ်ယောင်းအခန်းတွင်းသို့ပြန်၀င်လာခဲ့သည်...

"ဂျီမင် ငါတောင်းပန်ပါတယ်
ငါအရေးကြီးကိစ္စလေးပေါ်လာလို့"

"အင်း သွားလေ"

"မင်းပြောမယ်ဆိုတာက.."

"အရေးမကြီးပါဘူး"

ဟုတ်ပါတယ်
အရေးမကြီးပါဘူး..
ကမ်ထယ်ယောင်းအတွက် ကမ်ဆော့ဂျင်ကလွဲရင်ဘယ်အရာကမှ အရေးကြီးကိစ္စဖြစ်မလာနိုင်ပါဘူး...
.
.
.
.
.
.
.
.
.
.
"ကမ်ဆော့ဂျင် မင်းဘယ်သွားမလို့လဲ!!"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Onde histórias criam vida. Descubra agora