ငါ...အလုပ်ဖြုတ်ခံလိုက်ရတာလား?
တစ်ခုခုအမှားလုပ်မိလို့လား?
တကယ်ကြီး ဝမ်ရိပေါ်က အလုပ်ဖြုတ်လိုက်တာလား...?
ဆုတောင်းတွေပြည့်တော့မှာလား?
ရန်ချန်းမှာ အခြေအနေကိုနားမလည်နိုင်စွာ ကျန်ရစ်တယ်။
"အရေးကြီးရင်တော့ ဖုန်းဆက်လိုက်!"
ရိပေါ်က ခပ်လှမ်းလှမ်းကနေ တစ်ချက်ပြန်လှည့်ပြီး ရန်ချန်းကိုအော်ပြောလာတယ်။
ပြီးတာနဲ့ ချက်ချင်းလှည့်ထွက်သွားပြန်တယ်။
သြော်...မိုးနတ်မင်းက ငါ့ကိုမသနားဘူးပဲ။
ဝမ်ရိပေါ်သာသူ့ကိုအလုပ်ဖြုတ်လိုက်ရင် ကုမ္ပဏီက ဌာနမှူးရာထူးကိုပြန်လို့ရပြီလို့တွေးထားပေမဲ့ သူအလုပ်ပြုတ်မဲ့နေ့ကရှိမလာတော့ဘူးထင်ပါရဲ့။
လစာပိုရတဲ့အလုပ်ကို မက်ခဲ့တာ ခံလိုက်ဦးပေါ့ ရန်ချန်းရယ်။
.
______________________
ရန်ချန်းရဲ့အဖြေကိုကြားတဲ့အခါ တစ်နေကုန်မသိမသာလှုပ်ရှားနေတဲ့စိတ်တွေဟာ သံသယတွေအဖြစ်ပြောင်းလဲသွားတယ်။
ရှောင်းကျန့်က ရန်ချန်းနဲ့သိတာကြာပြီဆိုတော့...
ဘာလဲ အားလုံးကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား!?
ဆက်တိုက် သူ့ကိုအထင်မှားအောင်လုပ်ပြီး အနားရောက်မှ မသိချင်ယောင် လျစ်လျူ ရှုပစ်ချင်နေတာလား။
ဒါက ဘယ်လိုကစားနည်းမျိုးလဲ...
ပထမတစ်ခေါက် ဂျာမနီမှာတွေ့တာကစလို့ အိမ်နီးချင်းဖြစ်ပြီး အခန်းထဲထိရောက်လာတာကအစ တိုက်ဆိုင်မှုလို့တော့ မယုံကြည်ဘူး။
ဒီလောက် ရယ်စရာကောင်းတဲ့ရေစက်မျိုး မရှိတာမို့။
အကြောင်းပြချက်မရှိ လှပတဲ့အချိန်တွေထဲကရုန်းထွက်သွားတဲ့သူက ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး ဒီလိုတွေကစားနေရတဲ့အကြောင်းပြချက်က ဘာများဖြစ်နိုင်မလဲ။
Part - 12
Start from the beginning
