ထပ်ပြီး ပစ်ပယ်ခံရမှာကြောက်ပါတယ်။
သို့သော်လည်း ရှောင်းကျန့်စကားကိုကြားတဲ့အခါ ရင်ဘတ်ကိုထိလုထိခင် ရိပေါ်ရဲ့ခေါင်းလေးကရပ်တန့်သွားတယ်။
ထပ်ပြီးတော့....
.
.
.
"မင်း ဘယ်သူလဲ?"
ရှောင်းကျန့်က တကယ်သိချင်တာပါ။
ဒီကောင်လေးရဲ့အပြုအမူတစ်ခုစီတိုင်းက သူ့ကိုတစ်မျိုးတစ်မည်ခံစားရစေတယ်။
သူစိမ်းတစ်ယောက်ဖြစ်ပါရဲ့နဲ့ ရင်းနီးနေတဲ့ခံစားချက်တွေကြီးက ဘာလဲ?
"ငါတို့ အရင်က သိကျွမ်းဖူးလို့လား"
ဟက်!
နောက်ဆုံးတော့ ရှောင်းကျန့်ကအတိတ်တွေကိုပါ ဖျက်ဆီးပစ်ချင်နေတာပဲ။
"အင်း...လူမှားသွားတာ။ ခင်ဗျားက ကျွန်တော်သိတဲ့သူ မဟုတ်ဘူး"
ရိပေါ်က ထိုစကားကိုပြောကာ ရှောင်းကျန့်ဘေးနှစ်ဖက်က လက်တွေကိုဖယ်ပေးလာတယ်။
ရှောင်းကျန့်က မျှော်လင့်ထားတဲ့အဖြေမရတဲ့အခါ အနည်းငယ်တော့စိတ်ပျက်မိတယ်။
တကယ်ပဲ သူတို့က တစ်ခါမှမသိကျွမ်းခဲ့ဘူးလား?
"ခင်ဗျား ပြန်လို့ရပြီ"
"အော...အင်း"
ရှောင်ကျန့်က နံရံကနေခွာလို့ တံခါးပေါက်ဆီကိုလှမ်းတယ်။
ရိပေါ်က ရှောင်းကျန့်ကိုကျောပေးလို့ မှန်တံခါးဆီမျက်နှာမူတယ်။
"အခန်းမှားဝင်မိလို့ တောင်းပန်ပါတယ်"
ရှောင်းကျန့်က ပြန်လှည့်လာပြီး ခါးကိုညွှတ်လို့ တောင်းပန်စကားဆိုလိုက်ပေမဲ့ ရိပေါ်ကလှည့်မကြည့်လာဘူး။
ရှောင်းကျန့်က သက်ပြင်းချလို့ လှည့်ထွက်မယ်ပြင်ပြီးကာမှ တစ်စုံတစ်ခုကိုသတိရသွားတယ်။
Part - 10
Start from the beginning
