ဒါပေမဲ့ ရုတ်တရက်ဖမ်းဆုပ်ခံလိုက်ရတဲ့ လက်ကောက်ဝတ်ကတင်းကြပ်ကြပ်နာကျင်မှုကြောင့် ရှောင်းကျန့်ကသူ ဘာလုပ်မိတယ်ဆိုတာကိုသတိထားမိသွားတယ်။
"အာ..ဆော..."
"ခင်ဗျား!!..."
ရှောင်းကျန့်က တောင်းပန်ဖို့ပြင်လိုက်ပေမဲ့ ဖြတ်ပြောလာတဲ့ ထိုကောင်လေးက အတော့်ကိုဒေါသထွက်နေပုံပဲ။
မျက်နှာချောချောလေးက နီရဲလာတာများသိသာစွာ။
"ခင်ဗျား!"
ရိပေါ်ရဲ့စကားလုံးတွေဟာ လည်ချောင်းဝမှာတင်တစ်ဆို့နေတယ်။
သူ ဒီလူကိုရက်ရက်စက်စက်ပြောပြီး နှင်ထုတ်လိုက်ချင်ပေမဲ့ တကယ်တမ်းမှာ ထွက်သွားဆိုတဲ့ရိုးရိုးရှင်းရှင်း စကားလေးနှစ်လုံးကိုတောင် ပြောမထွက်နိုင်ဘူးဖြစ်တယ်။
ရှောင်းကျန့် လက်မလေးဟာ သူ့မျက်ခုံးရိုးတွေပေါ်ပြေးလွှားလာချိန်မှာ အရင်အချိန်တွေတုန်းကလိုပဲ ရှောင်းကျန့်ရင်ခွင်ထဲခေါင်းအပ်ချင်လာတယ်။
ရှောင်းကျန့်အပေါ်ရှိနေတဲ့ ဒေါသစိတ်တွေဟာ ဒီအပြုအမူလေးတစ်ခုနဲ့တင် ပျောက်ကွယ်သွားပြန်တယ်။ ရူးမိုက်စွာပဲ ရှောင်းကျန့်က သူ့အပေါ်ခံစားချက်အကြွင်းအကျန်တွေကျန်နေတုန်းပဲ လို့တွေးမိပါတယ်။
ရိပေါ်က သူဆုပ်ကိုထားတဲ့ရှောင်းကျန့်ရဲ့ လက်ကောက်ဝတ်ကို ဖြေလျှော့လို့ ရှောင်းကျန့်ရဲ့ တစ်ဖက်တစ်ချက်က နံရံမှာလက်ထောက်လိုက်တယ်။
ပြီးတာနဲ့ ရိပေါ်ရဲ့ခေါင်းလေးဟာ ရှောင်းကျန့်ရင်ခွင်ဆီကိုဦးတည်လို့ နိမ့်ဆင်းတယ်။
ဒီရင်ခွင်မှာခဏလောက်ခိုနားရရင် ပင်ပန်းနေတာတွေက သေချာပေါက် လွှင့်စင်သွားလိမ့်မယ်။
ရှောင်းကျန့်ကတော့ မတွန်းထုတ်လောက်ဘူးမလား?
တရွေ့ရွေ့နဲ့နိမ့်ဆင်းတဲ့ ဦးခေါင်းလေးအတိုင်း ရင်ခုန်သံတွေကလည်း မဝံ့မရဲပါဘဲ။
Part - 10
Start from the beginning
