တစ်ချက်လောက်များထိကိုင်လောက်ရင် အိပ်မက်ကလေးများပျောက်ရှသွားမလား?
ရုတ်တရက် အိပ်မက်လှလှလေးထဲမှာနစ်မြောနေတုန်း ခါးတစ်ဝိုက်ကိုတိုးလို့ ရစ်ပတ်လာတဲ့လက်တွေရဲ့အထိတွေ့ကြောင့် ထိတ်လန့်သွားမိတယ်။
အိပ်မက်မဟုတ်ဘူးလား?
ထိုခေါင်းလေးက ရင်ဘတ်အပေါ်နားကိုတစ်ဆင့်ထပ်တိုးလို့ ကလေးများလို တအဲအဲအသံပြုတယ်။
ရိပေါ်က အသက်ရှူ အောင့်လိုက်မိတယ်။
တကယ်ပဲ အိပ်မက်မဟုတ်ဘူး။
အကြည့်တွေကတော့ မျက်လုံးမဖွင့်လာသေးတဲ့ထိုလူဆီက မဖယ်ခွာမိဘူး။
ဒါပေမဲ့...ဘယ်ကနေ ဘယ်လို ဒီလူကသူ့ရင်ဘတ်ပေါ်ရောက်နေတာလဲ?
ဘာလဲ...မိုးနတ်မင်းက သနားလွန်းလို့ရင်ဘတ်ပေါ်အရောက်ပို့လိုက်တာလို့တော့ မပြောနဲ့နော်!
ထိုလူရဲ့ မျက်တောင်ဖျားလေးတွေ လှုပ်ခတ်သွားတာကိုသတိထားမိလိုက်တယ်။
ဒီချိန်ထိ ရိပေါ်မှာအသက်ကောင်းကောင်းမရှူ ဖြစ်သေးဘူး။
မကြာခင်မှာ ကြည်လဲ့နေတဲ့မျက်ဝန်းတစ်စုံကို လှလှပပကြီးမြင်လိုက်ရတယ်။
ရင်ဘတ်ထဲကအကောင်က သောင်းကျန်းလွန်းတော့ ထိုလူသားကဆက်အိပ်လို့မရတော့ပုံပါပဲ။
ရင်ဘတ်ပေါ်ကမျက်လုံးကြည်ကြည်လေးတွေက ရိပေါ်ကိုမြင်တော့ မျက်တောင်လေးတွေကို နှစ်ခါတိတိ ပုတ်ခတ်လိုက်တယ်။
ပြီးတဲ့နောက် မျက်ဝန်းလေးတွေက ပြန်မှိတ်သွားတယ်။
တစ်ခါပြန်လို့ မျက်ဝန်းလေးတွေဖွင့်လာအပြီးမှာ ရိပေါ်ကိုခဏလောက်စိုက်ကြည့်တယ်။
အဲ့ဒီနောက်မှာ မကြားရတာအတော့်ကိုကြာပြီဖြစ်တဲ့ အသံစူးစူးလေးကို နားစည်ထဲ၃ရက်လောက်စွဲနေအောင်ကြားလိုက်ရတယ်။
"မင်း...မင်း ဘယ်သူလဲ? ငါ့အခန်းထဲကိုဘယ်လိုရောက်နေတာလဲ? ထွက်သွား!!"
တရစပ်ကိုပြောလာတာတွေကြောင့် ရိပေါ်မှာ ဆွံ့အရပြန်တယ်။
ထပ်ပြီး...ဘယ်သူလဲတဲ့လား?
ရိပေါ်က ကြမ်းပြင်ပေါ်ကနေထထိုင်ပြီး ဆိုဖာကိုကျောမှီလိုက်တယ်။
Part - 9
Start from the beginning
