.
••••••••••••••••••••••••••••••••••••••••••••••••••
[ Unicode ]
လိုက်ကာမဆွဲထားမိတဲ့ မှန်ပြတင်းတွေဆီကအလင်းရောင်က မျက်နှာကို ရောင်ပြန်ဟပ်နေတယ်။ ဒါပေမဲ့ မထချင်သေးဘူး။
မနေ့က မဟားတရားသောက်လိုက်မိလို့ထင်တယ်။
ခေါင်းတွေလည်း ထိုးကိုက်နေပြီး ရင်ဘတ်ကြီးကလည်း လေးလံနေတယ်။
ဆက်မှိန်းနေဖို့ပြင်လိုက်ပေမဲ့ မျက်နှာပေါ်ပိုပိုပြီး ကျရောက်လာတဲ့နေရောင်ကြောင့် ဆက်အိပ်လို့မရတော့ဘူး။
မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ ပြာဝေသွားတယ်။
နေရောင်က မျက်လုံူးတစ်ဝိုက်ဖြာကျနေတာမို့ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ဖို့အချိန်ယူရတယ်။
အာ...မနေ့က ဧည့်ခန်းမှာပဲအိပ်ပျော်သွားတာပဲ။
ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမြင်ရချိန်မှာ ဧည့်ခန်းမှာပဲရှိသေးကြောင်းသိရတယ်။
ထပ်ပြီးတော့ ပြန့်ကျဲနေတဲ့ဘီယာဘူးခွံတွေဆီအကြည့်ပို့မိတဲ့အခါ ဖြတ်ခနဲမြင်မိတဲ့တစ်စုံတစ်ရာကြောင့် မျက်လုံးအကြည့်တွေကို နောက်ပြန်ဆုတ်လိုက်ရတယ်။
ဒါက...
အိပ်မက်?
သူတကယ်မနိုးသေးဘဲ အိပ်မက်မက်နေတာလား...
သူ့ရင်ဘတ်ပေါ်ကို ခေါင်းတင်ကာအိပ်ပျော်နေတဲ့ ထိုလူကြောင့် ရိပေါ်မှာအိပ်မက်နဲ့လက်တွေ့ကိုမခွဲနိုင်သေးဘူးဖြစ်တယ်။
ထပ်ပြီး...ဖြစ်ပြန်ပြီလား?
နီးနီးကပ်ကပ်ရှိနေတဲ့ မျက်နှာကြည်ကြည်လေးက အိပ်မက်ဆိုရင်တောင် အမြဲတမ်းအတွက်ထုပ်သိမ်းထားချင်စရာပါပဲ။
တစ်ဖက်စောင်းအိပ်လို့ထော်ထွက်နေတဲ့နှုတ်ခမ်းရဲလေးက ခပ်ဟဟဖြစ်နေတာကအစ ရိပေါ်ရဲ့အိပ်မက်က အသေးစိတ်လွန်းတယ်။
မှဲ့နက်သေးလေးကိုမြင်ရလောက်တဲ့အထိလည်းထိုလူက နီးနီးကပ်ကပ်ရှိနေခဲ့တယ်။
ရိပေါ်ရဲ့နှလုံးသားလေးဟာ လှပတဲ့အတိတ်နေ့ရက်တွေအတိုင်း တရပ်စပ်ခုန်လှုပ်နေတာများ အသွေးအသားတွေကိုဖောက်ထွက်လာတော့မဲ့အတိုင်း။
Part - 9
Start from the beginning
