"အဟက်...ကျွန်တော်က ကလေကချေဆိုရင် ခင်ဗျားက ကလိမ်ကကျစ်ပဲ...ခင်ဗျားသိလား!"
"..."
"ခင်ဗျား အရူးကွက်နင်းနေတာကို ရပ်လိုက်သင့်ပြီ။ မျက်စိရှေ့ကိုရောက်လာတဲ့ ၃ကြိမ်လုံးက ခင်ဗျားရဲ့အစီအစဉ်တွေမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ?"
" ၃ကြိမ်?"
"ခင်ဗျားရဲ့အစီအစဉ်ကဘာလဲ? ကျွန်တော့်ကို ထပ်ပြီး အရူးလုပ်ဦးမလို့လား? "
"..."
"ဒါဆိုရင်တော့ ခင်ဗျားလက်လျှော့လိုက်တော့ ကျွန်တော်က ခင်ဗျားဆော့လို့ရတဲ့ မနူးမနပ်ကလေးမဟုတ်တော့ဘူး"
ရှောင်းကျန့်က ဒီကောင်လေးပြောနေတာတွေကို တစ်ခုမှနားမလည်ဘူး။ သူတို့ဆုံတာ ၂ကြိမ်ပဲရှိသေးတာပါ။
ပြီးတော့ သူကဒီကောင်လေးနဲ့ ဘာကို ဆော့ရမှာလဲ?
သေချာတာတော့ ဒီကောင်လေးက လူမှားနေပြီ။
ငယ်ငယ်ချောချောလေးနဲ့ ထင်ယောင်ထင်မှားဖြစ်တဲ့ ရောဂါရနေတာ နှမြောစရာပဲ။
"ဒီမှာ...ကျန်တာတော့ မသိပေမဲ့ မနေ့ကငါ့အခန်းပတ်စ်ကုဒ်နှိပ်ပြီးဝင်လာတာ သေအချာပဲ။ တကယ်လို့ ပတ်စ်ကုဒ်က မှားနေရင် တံခါးကလည်း ပွင့်စရာအကြောင်းမရှိဘူးလေ"
ရှောင်းကျန့်က ပတ်စ်ကုဒ်နံပါတ်ကို သေချာလက်ချောင်းတွေချိုးပြီး တစ်လုံးချင်းရွတ်ပြလိုက်တယ်။
" အဟင်း...ခင်ဗျားက ကျွန်တော့်မွေးနေ့ကို ပတ်စ်ကုဒ်ထားတယ်ဆိုတာနဲ့ပဲ မနူးမနပ်အရွယ်တုန်းကလို ခင်ဗျားဆီအမြီးနှံ့ပြီး ပြန်လာမယ်များ ထင်နေတာလား မစ္စတာရှောင်းကျန့်..."
"ဟမ်...? မင်းမွေးနေ့?"
"...."
"သေချာပေါက် ငါ့မွေးနေ့နံပါတ်ကြီးကို"
တကယ်ကိုအတည်ပေါက်ပြောနေတဲ့ ထိုလူရဲ့စကားကြောင့် ရိပေါ်ရဲ့မျက်ခုံးတန်းတွေဟာ တွန့်ချိုးသွားတော့တယ်။
KAMU SEDANG MEMBACA
'NOTHING'
Fiksi PenggemarBe My 'NOTHING' 📎 This is just a work of fanfiction 📎 Jun 27~
Part - 9
Mulai dari awal
