ကျစ်​...

"ငါ​ ပတ်​စ်​ကုဒ်​နှိပ်​​တော့ တံခါးပွင့်​သွားတာလဲ ​သေချာတယ်​"

'ဟက်​'

ရုတ်​တစ်​ရက်​ ထိုင်​​နေဆဲ​ကောင်​​လေးဆီက ခနဲ့တဲ့တဲ့ရယ်​သံကြားတဲ့အခါ ​ရှောင်းကျန့်​ကပိုလို့ စိတ်​ရှုပ်​သွားရတယ်​။

ဘာရယ်​တာလဲ...ဒီ​ကောင်​က!

နေပါဦး...ငါသူ့ကို ​သေချာ​ပေါက်​မြင်​ဖူးပါတယ်​။

နှုတ်​ခမ်းတစ်​ဖက်​တွန့်​လို့ မထီမဲ့မြင်​ပြုံး​နေတဲ့ မျက်​နှာ​ချော​ချောက တကယ့်​ကိုကိုက်​ဆွဲပစ်​ချင်​စရာမို့ သူရင်းနှီး​နေပါတယ်​။

"​တော်​ပါ​တော့ ​ရှောင်းကျန့်​ရဲ့...ခင်​ဗျားအကြံ​တွေက သိပ်​သိသာလွန်း​နေတာမဟုတ်​ဘူးလား"

ထို​ကောင်​​လေးဆီက သူ့နာမည်​ကြားရ​တော့ ​ရှောင်းကျန့်​ရဲ့ စိတ်​အ​ခြေအ​နေက နားလည်​လို့မရနိုင်​​တော့ဘူး။

"မင်း...ငါ့နာမည်​သိတယ်​?"

"သရုပ်​​ဆောင်​​ကောင်းလိုက်​တာ! "

"..."

"ခင်​ဗျားနာမည်​တင်​မဟုတ်​ဘူး...ဒီ​လောကမှာ ခင်​ဗျားအ​ကြောင်းကို ကျွန်​​တော့်​​လောက်​သိတဲ့သူရှိဦးမလား ဟမ့်​"

"မင်း ဘယ်​သူလဲ!?"

ရိ​ပေါ်ရဲ့ သည်းခံနိုင်​စွမ်း​တွေကဒီလူ​အ​ပေါ်မှာ ထူးခြားတယ်​ဆို​ပေမဲ့ အဲ့တာက အတိတ်​​တွေတုန်းကဖြစ်​တယ်​။

"​ရှောင်းကျန့်​!! ခင်​ဗျား​တော်​လိုက်​​တော့!"

"...."

"ကျွန်​​တော်​က ဂျာမနီမှာ​ပြန်​​တွေ့ခဲ့တာကို တိုက်​ဆိုင်​မှုလို့ထင်​​နေ...."

"ဂျာမနီ?"

ရှောင်းကျန့်​က ရိ​ပေါ်ရဲ့စကားကိုဖြတ်​​ပြောလာတယ်​။

"မင်း...မင်းက ဟို က​လေက​ချေ​ကောင်​!"

နောက်​ဆုံး​တော့ ​ရှောင်းကျန့်​က မှတ်​မိသွားတယ်​။

ဒါ​ပေမဲ့ ဘာလို့သူ့စိတ်​ထဲက လက်​ခနဲဖြစ်​သွားတဲ့အလင်း​ရောင်​​လေးတစ်​စကိုမြင်​လိုက်​ရသလို ခံစားလိုက်​ရတာလဲ?

'NOTHING' Hikayelerin yaşadığı yer. Şimdi keşfedin