ဒါက...

ရှောင်းကျန့်​က အခန်းပတ်​ပတ်​လည်​ကိုမျက်​စိကစားလိုက်​တဲ့အခါ ဦး​ဏှောက်​တစ်​ခုလုံးကပူထူသွားတယ်​။

ဘယ်​လိုဖြစ်​ပြီး...?

.

.

.

.

မ​နေ့ညက သူဘားကိုသွားတယ်​။ အရမ်းအိပ်​ချင်​တာ​ကြောင့်​ အိမ်​ပြန်​လာခဲ့တယ်​။ ပြီး​တော့ အိပ်​လိုက်​တယ်​။ မျက်​လုံးနှစ်​လုံးဖွင့်​လိုက်​တဲ့အခါ အ​တော်​ကိုကြည့်​လို့​ကောင်းတဲ့ ​ယောကျာ်းတစ်​​ယောက်​ရဲ့ မျက်​နှာကိုအနီးကပ်​မြင်​လိုက်​ရတယ်​။

ဘယ်​လိုအိပ်​မက်​မျိုးလဲ...?

မျက်​လုံးကို မှိတ်​ပြီးပြန်​ဖွင့်​လိုက်​တယ်​။ ​ခပ်​​ချော​ချော​ကောင်​​လေးကရှိ​နေတုန်းပဲ။ ပိုပြီးရှက်​စရာ​ကောင်းတာတစ်​ခုရှိ​သေးတယ်​။ အဲ့ဒါက သူနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​နေခဲ့တာက ထို​ကောင်​​လေးရင်​ဘတ်​​ပေါ်မှာတဲ့​လေ။

hangover ဖြစ်​​နေတာ​တောင်​ ချက်​ချင်းလက်​ငင်းကို​ပျောက်​သွားတဲ့အထိ အသားကုန်​​အော်​လိုက်​မိတယ်​။

ထွက်​သွားဖို့​ပြော​လိုက်​ပေမဲ့မသွား​သေးဘဲ လူကိုအခုပဲ စား​သောက်​ပစ်​လိုက်​ချင်​တဲ့ သားရဲတစ်​​ကောင်​လိုအကြည့်​​တွေ​ကြောင့်​ ​ရှောင်းကျန့်​မှာကြက်​သီးဖျန်းသွားရတယ်​။

လုံခြုံ​ရေး​...မဟုတ်​ဘူး တစ်​ခါတည်းရဲလက်​အပ်​မယ်​လို့​တွေးလိုက်​​ပေမဲ့ ထို​ကောင်​​လေး​ပြောလာတဲ့စကား​ကြောင့်​ လူက ​ရှော့ခ်​အကြီးကြီးထပ်​ရပြန်​တယ်​။

သူက...ဘယ်​ကို​ရောက်​?

မှတ်​မိသ​လောက်​​တွေးကြည့်​တဲ့အခါ ​ရှောင်းကျန့်​က ​သေချာ​ပေါက်​အိမ်​ပြန်​လာခဲ့တာကို ပြန်​သိရတယ်​။

ပြီး​တော့ ပတ်​စ်​ကုဒ်​နှိပ်​ခဲ့တာကိုလည်း ​ကောင်း​ကောင်းကြီးမှတ်​မိ​နေတယ်​။

ဘာကမှား​နေတာလဲ?

"မဖြစ်​နိုင်​တာ!"

ရှောင်းကျန့်​က ထိုင်​​နေရာကထလို့အိပ်​ခန်းကို သွားဖွင့်​ကြည့်​တယ်​။ ဆိုင်​ကယ်​ ပိုစတာ​တွေနဲ့ ဆိုင်​ကယ်​ရုပ်​က​လေး​တွေနဲ့အလှဆင်​ထားတဲ့ အခန်းက လုံးဝကိုသူ့အခန်းမဟုတ်​။

'NOTHING' Where stories live. Discover now