အဲ့ဒီ​နောက်​မှာ မကြားရတာအ​တော့်​ကိုကြာပြီဖြစ်​တဲ့ အသံစူးစူး​လေးကို နားစည်​ထဲ၃ရက်​​လောက်​စွဲ​နေ​အောင်​ကြားလိုက်​ရတယ်​။

"မင်း...မင်း ဘယ်​သူလဲ? ငါ့အခန်းထဲကိုဘယ်​လို​ရောက်​​နေတာလဲ? ထွက်​သွား!!"

တရစပ်​ကို​ပြောလာတာ​တွေ​ကြောင့်​ ရိ​ပေါ်မှာ ဆွံ့အရပြန်​တယ်​။

ထပ်​ပြီး...ဘယ်​သူလဲတဲ့လား?

ရိ​ပေါ်က ကြမ်း​ပြင်​​ပေါ်က​နေထထိုင်​ပြီး ဆိုဖာကို​ကျောမှီလိုက်​တယ်​။

ဒီတစ်​​ခေါက်​က​ရော ဘယ်​လို​စော်​ကားပြီး ဘယ်​လိုနှိပ်​စက်​ဦးမလဲ ကြည့်​ဦးမယ်​...

ရှောင်းကျန့်​က​တော့ ကြမ်းပြင်​မှာထိုင်​လျက်​သားရှိ​နေတယ်​။
အ​ပေါ်ထပ်​အ​နွေးထည်​မပါဘဲ ​ဆွယ်​တာ​အဝါပါး​လေးတစ်​ထည်​သာ ဝတ်​ထားတဲ့​ရှောင်းကျန့်​က အရင်​ကထက်​ပိန်​သွားသလိုပဲ။

ဆွယ်​တာပုခုံးတစ်​ဖက်​က ပိုကျယ်​​နေတဲ့အခါ ဆွဲကိုက်​ချင်​စရာ ညှပ်​ရိုးသွယ်​သွယ်​​လေး​တွေကိုမြင်​​နေရတယ်​။ ဖြီးသင်​မထားတဲ့ ဆံပင်​အုပ်​အုပ်​က မျက်​လုံးမို့မို့​လေး​တွေနားရစ်​ဝဲ​နေတဲ့အခါ အရင်​​နေ့ရက်​​တွေထဲက ​ရှောင်းကျန့်​ကိုပြန်​မြင်​​နေရသလိုပဲ။

တကယ်​လို့ သူတို့သာအတိတ်​မှာရှိ​နေတုန်းဆိုရင်​ ဒီလိုအ​ခြေအ​နေမျိုးမှာရိ​ပေါ်က ​ရှောင်းကျန့်​ရဲ့ ညှပ်​ရိုးသွယ်​သွယ်​​တွေကို အရသာရှိရှိစားသုံးမိမှာပဲ။

နှ​မြောစရာက အတိတ်​က ပစ္စုန်​ပ္ပန်​မဟုတ်​တာဘဲ။

"ဘယ်​လိုမျက်​နှာ​ပေးနဲ့လာကြည့်​​နေတာလဲ...ငါရဲ​ခေါ်လိုက်​ရမလား"

"ရင့်​သီးလိုက်​တာ...အားနာ​ပေမဲ့ ​ရဲ​ခေါ်မယ်​ဆိုရင်​ တစ်​ခါတည်း ​ရှေ့​နေပါငှါးထားတာ​ကောင်းမယ်​"

ရှောင်းကျန့်​က ရုတ်​တစ်​ရက်​နားမလည်​ဖြစ်​သွားတယ်​။

အ​ရှေ့ကလူကိုပြန်​ကြည့်​မိတဲ့အခါ ထိုလူကအခန်းပတ်​ဝန်းကျင်​ကို​မေး​ငေါ့ပြတယ်​။

'NOTHING' Where stories live. Discover now