''ဘာမှမဟုတ်ဘူး သား ကာတွန်းကားဆက်ကြည့်နေ ''

သူဆိုဖာပေါ်မှထကာ အခန်းတံခါးသွားဖွင့်လိုက်တော့ ဟောဖေးက သူ့အခန်းရှေ့ရပ်နေသည်။ ယန်းချင်းချီ ဟောဖေးကို ဝင်ခွင့်ပေးလိုက်သော်ငြား ချီချီက လူစိမ်းမြင်ပြီး လန့်သွားမှာစိုးတာကြောင့် တံခါးဝနားတွင်သာ စကားပြောဖို့ပြင်လိုက်သည်။

''ဘာဖြစ်လို့လဲ ''

ရှောင်ဟောက စိတ်ထိခိုက်နေသော ပုံလေးဖြင့်

''ယန်းကော ကျွန်တော်က ဝမ်ကောလောက်မတော်ဘူးဆိုတာကို သိပေမဲ့ အစ်ကို့ရဲ့လက်ထောက်က ကျွန်တော်ပါ နောက်တစ်ခေါက်အပြင်ထွက်ရင် ကျွန်တော့်ကိုပါ ခေါ်သွားလို့ရမလားဟင် မဟုတ်လို့ ကျွန်တော် အစ်ကို့နောက်မလိုက်တာ ကွမ်မေကျဲသိသွားရင် ကျွန်တော့်ကိုငပျင်းဆိုပြီး အလုပ်ထုတ်ပစ်လိမ့်မယ် ''

ယန်းချင်းချီ ရယ်လိုက်သည်။

''အဲ့လောက်ကြီးမဟုတ်ပါဘူး ရှောင်ဝမ်ကိုခေါ်သွားတာက ကျန်းမော့ချန်အကြံလို့ ငါကွမ်မေကိုပြောလိုက်မယ် ပြီးတော့ လျို့အိုက်လည်းလိုက်မလာဘူး အဲ့ဒါကြောင့် ပေါက်ကရတွေ တွေးပူမနေနဲ့ ''

လျို့အိုက်လည်းမပါဘူးဆိုတာကို ကြားလိုက်ရတော့ ဟောဖေးတစ်ယောက် နည်းနည်းလေး စိတ်သက်သာရာရသွားသည်။

''သြော် ဒါနဲ့ ယန်းကော အစ်ကို့ကို ဒီနေ့လာရှာတဲ့မိန်းမနဲ့ ကလေးကဘယ်သူတွေလဲ စီအီးအိုကျန်းနဲ့ ကွမ်မေကျဲရော သိလား ''

''သိတယ် ''

''အစ်ကိုမသိသေးဘူးမလား အစ်ကိုတို့ထွက်သွားတာနဲ့ ဘယ်သူကစလိုက်လဲမသိဘူး ရိုက်ကွင်းထဲကလူတွေက အဲ့ဒါအစ်ကို့ကောင်မလေးနဲ့ ကလေးလို့ပြောနေကြတာ အဲ့မှာ ပရိုဂျူဆာကျန်းက အားနေအတင်းမတုတ်ဖို့နဲ့ အစ်ကို​တို့နှစ်ယောက်က ဘာမှမဆိုင်ကြောင်းကို ဝင်ပြောလာရော သူက မပြောသင့်တာမပြောဖို့နဲ့ လျှောက်ပြောမိလို့ အပြစ်မပြုမိသင့်တဲ့လူကို အပြစ်မပြုမိဖို့ အကြံပေးလိုက်သေးတယ် အဲ့တော့မှ ဆက်အတင်းမတုတ်ကြတော့တာ ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြလာသည်။ ကျန်းမော့ချန်နဲ့သူနဲ့ လက်ထပ်ထားတာကို ဘယ်သူမှမသိကြပေ။ ပရိုဂျူဆာကျန်းက ကျန်းရှင်းချန်နဲ့သိနေလျှင်တောင် သူနဲ့ကျန်းရှင်းချန် ဘယ်လိုတော်စပ်နေမှန်း သိလောက်ဦးမည်မဟုတ်ပါ။ ထို့ကြောင့် ပရိုဂျူဆာကျန်းက ကျန်းရှင်းချန်နောက်ခံအင်အားကိုကြည့်ပြီး ထိုသို့သတိပေးသည်က တော်တော်လေးသဘာဝကျသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now