"ယို့...ရိ​ပေါ် ကြိုးစားလှချည်​လား"

"အင်း...မင်းအစ်​မကိုယူဖို့"

"fukk!!!"

အစ်​မရှိတဲ့ ယွီပင်းက ရိ​ပေါ်ကိုထဆဲတယ်​။

"စကား​ကောင်း​ပြောမလို့ ​ဟိတ်​​ကောင်​"

"..."

"ဒီည ​ရေကူးကန်​ပါတီရှိတယ်​။ မင်းလာမှာလား"

"မအားဘူး...အလှ​လေးတစ်​​ယောက်​ကို အိမ်​​ခေါ်ထားတယ်​"

"အို​ခေ...​ပေါက်​ပြီ"

ယွီပင်းက ​ခေါင်းတဆတ်​ဆတ်​ညိတ်​လို့ ရိ​ပေါ်ပုခုံးကိုပုတ်​ကာ ထွက်​သွားတယ်​။

ရန်​ချန်းက​တော့ စဉ်းစားတယ်​။ ဝမ်​ရိ​ပေါ်ရဲ့မိမိုက်​တဲ့ရုပ်​ရည်​နဲ့သာဆိုရင်​ ​ရေကူးကန်​ပါတီမှာ အလှ​လေး​တွေအများကြီး​တွေ့ဦးမဲ့ဟာ ဘာလို့ အိမ်​ကအလှ​လေးနဲ့ပဲ ​ပျော်​မှာလဲလို့​လေ။

သူသာဆိုရင်​ ​သေချာ​ပေါက်​ ​ရေကူးကန်​ပါတီမှာပဲ​ပျော်​မှာ။

မဟုတ်​မှ...အိမ်​​ခေါ်ထားတဲ့အလှ​လေးက ရိ​ပေါ်အတွက်​အ​ရေးပါတဲ့သူများလား?

.

_____________________

အနားမှာပြန့်​ကျဲ​နေတဲ့ ဘီယာဘူးခွံ​တွေကို လျစ်​လျူ ရှုလို့ မှန်​တံခါး​တွေက​နေတစ်​ဆင့်​ မြို့ပြရဲ့ညရှုခင်းကိုရှုစား​နေမိတယ်​။ သို့​ပေမဲ့လို့ မျက်​ဝန်း​တွေက အသက်​မဲ့တယ်​။

ရင်​ထဲက ဟာလာတဲ့အခါ ထပ်​ဖြည့်​ဖို့ လက်​ထဲက ဘီယာဘူးကို​ကောက်​​​မော့လိုက်​တယ်​။ ​ပေါ့ရွှတ်​​နေတဲ့ဘူးခွံက ဘာအရည်​မှထွက်​ကျမလာဘူး။

ကျစ်​!

ဘာမှ​တောင်​မ​သောက်​ရ​သေးဘူး။

ထပ်​ပြီး ဖာလိုက်​ရှိ​နေတဲ့ဘီယာဘူး​တွေထဲက တစ်​ဘူးကိုဆွဲ​ဖောက်​ကာ​မော့လိုက်​ပြန်​တယ်​။

လောင်​မြိုက်​မှုရဲ့တရားခံက လည်​ပင်းတစ်​​လျှောက်​စီးဝင်​သွားတဲ့အရည်​​တွေလား ဒါမှမဟုတ်​...

အင်း...မသိ​တော့ဘူး။

ညရှုခင်းက တစ်​စုံတစ်​​ယောက်​ရဲ့ ရက်​စက်​မှု​လောက်​ မလှပဘူး!!

'NOTHING' Where stories live. Discover now