"​ကောင်း​တယ်​ ​ကောင်းတယ်​...ပ​ရောဂျက်​က ​နောက်​လစမှာဆို​တော့ ဒီကြားထဲအတွင်း​ရေးမှူးရှာထား​ပေးမယ်​။ ​လော​လောဆယ်​ ယွီဟန်​ကို​ခေါ်ထားလိုက်​"

"ဟုတ်​ကဲ့"

"အာ...ပြီး​တော့ သား​ပြောတဲ့တိုက်​ခန်းကိစ္စကလည်း ယွီဟန်​ရှာထား​ပေးတယ်​​ပြောတယ်​"

"ကျွန်​​တော်​သွားကြည့်​လိုက်​ပါ့မယ်​"

ရှောင်းကျန့်​က မားနဲ့​နေရတာထက်​စာရင်​ ပါးနဲ့​နေရတာက ပိုပြီး​ပေါ့​ပေါ့ပါးပါးရှိတယ်​လို့ထင်​မိတယ်​။ ​ပေကျင်းနဲ့ ဂျာမနီလိုပါပဲ။

မားက အစိုးရိမ်​လွန်​တတ်​​တော့ ​တစ်​ခါခါဆို ​ရှောင်းကျန့်​မှာ မွန်းကြပ်​လာရတယ်​။ ​ပေါက်​ကွဲထုတ်​လိုက်​ချင်​​ပေမဲ့... ခံစားချက်​​တွေများ​မြောင်​​နေ​ပေမဲ့ လက်​​တွေ့​မှာ ဖောက်​ထုတ်​ပစ်​လိုက်​စရာ ဘာတစ်​ခုရှိမ​နေခဲ့ဘူး။ အရာအားလုံးဟာ ​ရေမရှိတဲ့ သမုဒ္ဒရာကြီးလိုပဲ ဟာလာ ဟင်းလင်းကြီးဖြစ်​လို့​နေတယ်​။

.

____________________

ဒီ​နေ့​တော့ ရိ​ပေါ်က ​အိမ်​ပြင်​ထွက်​လာတယ်​။ ​လေ့ကျင့်​​ရေးဆင်းဖို့​တော့မဟုတ်​ဘူး။ သူ့ရဲ့ showroomကို ဒီထပ်​ကြာကြာပစ်​မထားချင်​​တော့လို့။ အကျိုးမရှိပျံ့လွှင့်​​နေတဲ့ စိတ်​​တွေကိုလည်း အာရုံလွှဲချင်​တာက တစ်​​ကြောင်း​ပေါ့။

'ကျစ်​'

Showroom ​ရောက်​တာနဲ့ မမြင်​ချင်​တဲ့လူကိုမြင်​လိုက်​ရတာ​ကြောင့်​ ကျစ်​သပ်​မိတယ်​။

"ရိ​ပေါ် ဒီတစ်​ခါ​တော့...ဟိုက်​ခွမ်း​ကောက အပါ​ခေါ်ခိုင်းလိုက်​တယ်​။ မင်းနဲ့အလုပ်​ကိစ္စ​ဆွေး​နွေးစရာရှိလို့တဲ့"

ရန်​ချန်းက ရိ​ပေါ်ကိုမြင်​တာနဲ့ တရစပ်​​ပြောသွားတယ်​။

"အလုပ်​ကိစ္စ...?"

"အင်း...မင်းက ဖုန်းလည်းမကိုင်​ဘူးဆို"

"သိပြီ သွားလိုက်​မယ်​"

"ငါနဲ့တစ်​ခါတည်း..."

"အစ်​ကိုကြီးကို အားတဲ့အချိန်​လာမယ်​လို့​ပြောလိုက်​"

'NOTHING' Tempat cerita menjadi hidup. Temukan sekarang