ဘာလို့များ လွယ်​လွယ်​ကူကူ​မေ့ပစ်​နိုင်​ရတာလဲဆိုတာ ​​မေးချင်​တယ်​။

တစ်​ခါ​လေး​တောင်​မှ မချစ်​ခဲ့ဖူးဘူးလား ဆိုတာကိုလည်း အတည်​ပြုကြည့်​ချင်​တယ်​။

ထပ်​ခါထပ်​ခါ နာကျင်​​နေရတာ​တောင်​ အမှတ်​မရှိနိုင်​​သေးတာ​မျိုး​တော့မဟုတ်​ဘူး။

ဒီတိုင်း သိချင်​မိရုံတင်​...

ငယ်​ရွယ်​တဲ့အချိန်​တုန်းက ​ရှောင်းကျန့်​က ​ပြောခဲ့​ဖူးတယ်​။

"ဒီက ​ရှောင်းအမျိုးသားက ဝမ်​လူ​အေး​လေးရဲ့ အပိုင်​ပါ"တဲ့​လေ...

အခု​တော့ ​ရှောင်းအမျိုးသားက ဝမ်​ရိ​ပေါ်အပိုင်​ မဟုတ်​ခဲ့တာလည်းကြာပြီ။

ဝမ်​ရိ​ပေါ်ကလည်း ထပ်ပြီး​ဝမ်​လူ​အေး​လေး မလုပ်​ချင်​​တော့ဘူး။

.

____________________

ရှောင်းကျန့်​ ​ပေကျင်းကို​ရောက်​တာ နှစ်​​ရက်​ရှိပြီ။ ဂျာမနီထက်စာရင်​​​ပေကျင်းက ​နေရထိုင်​ရတာပိုပြီး သက်​​တောင့်​သက်​သာရှိတယ်​လို့ခံစားရတယ်​။

အဲ့တာ​ကြောင့်​​ပြောပါတယ်​ အရင်​တစ်​ခါပဲအလည်​​ရောက်​ဖူးတဲ့​မြို့ဆို​ပေမဲ့ ​ရှောင်းကျန့်​အတွက်​​တော့ ရင်းနှီးလွယ်​လွန်း​နေတာကို မားကလမ်း​ပျောက်​မှာစိုးရိမ်​​နေပါ​သေးတယ်​။

"သားကျန့်​...ဒီတစ်​​ခေါက်​ ပ​ရောဂျက်​ကို ​သေချာ​လေးလုပ်​နိုင်​ရင်​ ရုံးချုပ်​ကပါ သားအတွက်​​နော်​"

"စိတ်​ချပါ ပါး...ဒီတစ်​​ခေါက်​က ​ပေါင်းစည်း​ရေးပ​ရောဂျက်​ဆို​တော့ နည်းနည်းတာဝန်​ကြီး​ပေမဲ့ ကျွန်​​တော်​ကြိုးစားမှာပါ"

"​အေးကွာ...The Kနဲ့က ပထမဆုံးပူး​ပေါင်းတဲ့ ပ​ရောဂျက်​ဖြစ်​တာမို့ သားက သူတို့ရဲ့ လုပ်​ထုံးလုပ်​နည်း​တွေနဲ့ ညှိနိုင်​​အောင်​ ကြိုးစား​ပေးလိုက်​"

"ဟုတ်ကဲ့...ကျွန်​​တော်​ မနက်​ဖြန်​ The Kရဲ့ ဥက္ကဌနဲ့ ပ​ရောဂျက်​​ဒေတာ​တွေအ​ကြောင်း​ဆွေး​နွေးဖို့ရှိပါတယ်​"

'NOTHING' Where stories live. Discover now