Part-17[Unicode]

4.9K 305 15
                                    

"နောင်.. မင်းအဆင်ပြေရဲ့လား "

နောင်ရှေ့ကချထားတဲ့ဘီယာဘူးကိုဆွဲမော့လိုက်ရင်း

" မပြေဘူး"

" အေးကွာမှူးသက်ပိုင်ကလဲမမိုက်ပါဘူး၊ သူ့ကိုကယ်ခဲ့တာကိုကျေးဇူမတင် မောင်းထုတ်ရတယ်လို့ "

သုတကို‌နောင်တစ်ချက်မော့ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်။ ထိုနေ့ကသူ့နှလုံးသားတစ်ခုလုံးဆွဲထုတ်ခံရသလိုနာကျင်ခဲ့ရသည်။
ဘယ်မှမသွားပဲဘေးအခန်းကအစိမ်းလုံးလေးကိုသာအရိပ်တကြည့်ကြည့်။ သူ့ကိုမြင်ရင်ထပ်မောင်းထုတ်မှာဆိုးလို့မသိအောင်နညးလမ်းမျိုးစုံးနဲ့ခိုးကြည့်ခဲ့ရသည်။

ထိုလူသားနဲ့မှမလုပ်ဖူးတာမရှိတော့!

" ကဲပါကွာဘာမှတွေးမနေနဲ့ နှစ်သစ်ကိုစိတ်သစ်လူသစ်နဲ့ဖြတ်ကျော်ကြရအောင်"

ရဲရင့်လက်ထဲကအရက်ခွက်ကိုကိုင်မြှောက်လိုက်တော့သုတကပါလိုက်မြှောက်၏၊ နောင်လဲစိတ်မပါပေမယ့်ဘီယာဘူးကိုကိုင်မြှောက်လိုက်သည်။

ရဲရင့်စိတ်မပါတဲ့သူငယ်ချင်းကိုကြည့်ရင်း သက်ပြင်းချမိသည်။ ဘားကိုချိန်းတာမလာလို့အိမ်ကိုလိုက်ချလာတာတောင်၊မသောက်ချင်ဘူးလို့ငြင်းသေး၏။ ဘီယာလောက်တော့သောက်ပါလို့အတင်းသုတပါဝိုင်းပြောမှလက်ခံသည်။ ဒါတောင်စိတ်ကမပါ။

နည်းနည်းလေးသောက်တာကြာလာတော့သုတတစ်ယောက်ထဖောက်လာတော့သည်။

" ပိုင်ကမမိုက်ဘူးကွာ ငါ့သူငယ်ချင်းစိတ်ထိခိုက်နေရပြီ ရဲရင့်ငါတို့ပိုင်ကိုသွားခေါ်ကြမယ်"

သုတရဲ့ပိုင်ဆိုတဲ့အခေါ်အဝေါ်ကြောင့် နောင်မျက်နှာမှုံသုန်ကာ လက်ထဲကဘီယာဘူးကိုလုံခြေလိုက်၍

" မင်းဘယ်လိုခေါ်လိုက်တယ် "

" အန်.. ဘာကို"

သုတကမှုးနေတာကြောင့်လေးလုံးမကွဲသည့်အာလေးလျှာလေးအသံဖြင့်ပြန်မေးလိုက်ချိန်ရဲရင့်သဘောပေါက်ကာ၊သုတ‌ဇတ်ပိုးကိုခပ်ပြင်းပြင်းအုပ်ချလိုက်ပြီး

ဖုတ်!

"အာ့! မင်းကဘာလို့ရိုက်တာလဲ "

" ပါးစပ်ပိတ်လိုက်တော့သားကြီး သွားကျွတ်နေမယ်"

NAUNG " နောင် "Where stories live. Discover now