Part-30[Unicode]

3.2K 201 13
                                    

" ပိုးမဝင်အောင် သေချာဆေးကြောပေးပြီး
ရောင်နေတဲ့နေရာတစ်ဝိုက်ကို တနေ့သုံးကြိမ်ဆေးထည့်ပေး ဪပြီးတော့ ဒီရက်ပိုင်းထဲဆန်ပြုတ်ပဲတိုက် "

သူနိုးလာတဲ့ဘေးနားမှာအဖျားတက်နေတဲ့
လူကြောင့် ဒီကအသိသူငယ်ချင်းဖြစ်တဲ့
ဆရာဝန်ကိုအကူအညီလှမ်းတောင်းရလိုက်ရသည်။ ချက်ချင်းဆိုသလိုသူလဲပြာသွားပြီး ထိုအိမ်ထဲက ညဝတ်အင်္ကျီတချို့ကိုထုတ်ဝတ်ပေးထားပေးရ၏။ သူကတော့မနေ့ကအင်္ကျီပြန်ဝတ်ရင်း
ကုတင်ဘေးကခုံမှာငူငူကြီးထိုင်နေမိသည်။

" ရဲရင့် မင်းငါပြောတာတွေကြားရဲ့လား "

" အင်! ဘာကို တစ်ချက်ပြန်ပြောအုံး "

" အေး ငါမေးရင်မင်းဖြေမှမဟုတ်မှန်းသိတယ်၊
ဒါပေမယ့်ညကမင်းဘယ်လောက်တောင်ကြမ်းထားသလဲဆိုတာ၊မင်းကိုယ်တိုင်သိမှာပေါ့ပြီးတော့သူ့အသက်နဲ့ကျအဲ့ဒီလောက်ထိခံနိုင်မှာမဟုတ်ဘူး၊ဒါကြောင့်ဖျားတာ "

အိပ်ယာပေါ်ကအဖျားအရိုန်ကြောင့်မျက်နှာတစ်ခုလုံးနီဖျော့ဖျော့လေးဖြစ်နေတဲ့ လူကိုကြည့်ကာခေါင်းရှိဆံပင်တွေကိုတစ်ချက်ဆွဲဖွလိုက်မိသည်၊ပြီးမှာ

" ပေးပေး ဆေးကဒါပဲလား "

" အေး ဒါကသောက်ဆေး၊ဒါလိမ်းဆေး "

" လိမ်းဆေး ၊ ဘယ်ကိုလိမ်းရမှာလဲ "

" ငါလုပ်မိတော့၊ မင်းစိတ်နဲ့ကိုယ်နဲ့မကပ်ဘူးလားရဲရင့် ဘယ်ကိုလိမ်းရမှာလဲဟုတ်လားမင်းညကဘယ်နေရာကို ရောင်ကိုင်းနေအောင်လုပ်လိုက်လဲ၊ ငါထပ်မပြောချင်ဘူးနော်၊ ပြီးတော့ဆေးမထည့်ခင်အထဲကမင်းဟာတွေအရင်ဆေးကြောပေးလိုက်၊ အဲ့ဒါတွေကြောင့်သူဗိုက်အောင့်လိမ့်မယ်၊ ဆန်ပြုတ်ပဲတိုက်ဒီရက်ပိုင်းထဲ "

" အေးပါ "

"မှတ်မိတယ်နော် ငါစာရေးပေးခဲ့ရအုံးမလား"

" တော်ပြီ ရတယ် "

ရဲရင့်မျက်နှာတစ်ချက်တည်သွားပြီး ဆရာဝန်လက်ထဲကဆေးနဲ့လိမ်းဆေးကိုဆွဲယူလိုက်ကာ

" မင်း ပြန်တော့ "

" ဪ.. အေးအေး ‌ "

ဆရာဝန်ဖြစ်သူပြန်သွားတော့မှ ရဲရင့်ကုတင်ဘေးကခုံမှာအရုပ်ကြိုးပျက်ထိုင်ချလိုက်ကာ
အိပ်ယာပေါ်ကလူကိုသေချာစိုက်ကြည့်နေမိ၏။ ထို့နောက်အတွေးများစွာနဲ့ ခေါင်းကိုက်လာတာကြောင့်ဆံပင်တွေကိုတစ်ချက်ဆွဲဖွလိုက်မိသည်။ 

NAUNG " နောင် "Where stories live. Discover now