Part -31[Zawgyi]

2.7K 65 12
                                    


"ရဲရင့် ငါ့အဖေကိုစိတ်ချမယ် ၊ ပြီးတော့ ငါလာသွားတယ်ဆိုတာ သူမသိရင်ပိုကောင်းမယ် "

" အေးပါ .. ငါနားလည်ပါတယ် "

ရဲရင့်ပုံစံကိုသူအားမရတာကြောင့် ပုခုံးကိုတစ်ချက်ပုတ်ကာ ခပ်ပြင်းပြင်းဆုပ်ကိုင်လိုင်ကာ

" အခုချိန်မှာ မင်းတွေဝေနေမယ်ဆိုတာငါသိတယ် သူငယ်ချင်း ၊ ဒါပေမယ့်ဒါမင်းအမှာမဟုတ်ဘူး ဒါကိုအဖေလဲနားလည်လိမ့်မယ်
အဖေဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ၊ ငါတို့ဆက်ဆံရေးကပျက်သွားမှာမဟုတ်ဘူး
ငါ့ကောင် "

နောင်မျက်ခုံးတစ်ချက်ပင့်ပြတော့ ရဲရင့်ကပြုံး၏။ ပြီးမှ

" အေးပါကွာ ၊ မင်းလဲအခုလောနေတယ်မှတ်လား မင်းချစ်ချစ်ဆီပြန်ဖို့ "

" ဟုတ်တယ် .. မနက်ကထွက်လာတာသူမသိဘူး၊တော်ကြာရွှေစိတ်တော်ညိုးမှာစိုးတယ် ဟွန်း.! "

မှူးသက်ပိုင်အကြောင်းပြောလိုက်ရင်ကို နှစ်လိုဖွယ်အပြုံးပြုံးတက်တဲ့လူကိုရဲရင့် တစ်ချက်မဲ့လိုက်မိသည်။ ထိုနောက်

" မင်းကအဲ့ဒီလိုလဲပြုံးတက်သေးတယ်နော် "

" ငါလဲလူပဲပြုံးတက်တာပေါ့ ထူးဆန်းနေ
လို့လား "

" ထူးဆန်းတယ် .. ထူးဆန်းတယ် ၊ ပုံမှန်ဆိုနှုတ်ခမ်းတစ်ဖက်ပဲမဲ့ပြုံးတက်တဲ့ကောင်က
မှူးသက်ပိုင် အကြောင်းများစလိုက်ပြီဆို အပြုံးကကပျားရည်လောင်းထားတဲ့အတိုင်းပဲ "

သူဖိနပ်ကြိုးချည်ပြီးသည်နှင့်အိပ်ခန်းဘက်မျက်စပစ်ပြလိုက်ကာ

" အားကျရင် မင်းလဲကြိုးစားလေ "

သူ့စကားကြောင့် ရဲရင့်ပါးစပ်ပိတ်သွားတော့သည်။ မဟုတ်လျှင်သူ့အား စကားနာထိုးလို့ပြီးမည်မဟုတ် ။

နောင်ထွက်သွားတော့ ရဲရင့်သက်ပြင်းချလိုက်မိ၏။ အမှန်အတိုင်းပြောရလျှင်သူနောင်ကိုမျက်နှာချင်းဆိုင်စကားပြောဖို့အတော်လေးအခက်တွေ့နေမိသည်။ နောင်က
ပွင့်လင်းတက်သူပီပီဘာမှမဖြစ်သလိုနေပေမယ့်သူ့အတွက်ကျ အဆင်မပြေတာတော့အမှန်ပင်၊ စဉ်းစားကြည့်လေ ငယ်သူငယ်ချင်းရဲ့အဖေနဲ့ တစ်ညတာဖြတ်သန်းပြီး နောက်နေ့သူငယ်ချင်းနဲ့ဘာမှမဖြစ်သလိုစကားပြောရတာ ။

NAUNG " နောင် "Where stories live. Discover now