Part-23[Zawgyi]

1.7K 62 11
                                    

ခြံထဲချိုးဝင်လာတဲ့ကားကို ဧည့်ခန်းပြတွင်းပေါက်ကနေကြည့်ရင်းဂျစ်တူးမဲ့မိသည်။

" အကိုလေးကမမိုက်ပါဘူး ကြီးကြီးရယ်,အကိုချောချောကိုမချစ်တော့ဘူးလားမသိဘူးနော် "

ကြီးစိန်ကစားပွဲပေါ်ကအပန်းအိုးလေးကိုပြင်နေရင်းဂျစ်တူးပြောတာကိုနားထောင်ရင်းက၊ အိမ်ရဲ့စဉ်ဝင်အောက်ရပ်လိုက်တဲ့ကားကိုကြည့်ပြီးသက်ပြင်းချလိုက်မိသည်။

" မသိပါဘူးကွယ်"

အိမ်ရဲ့အဝကနေစောင့်နေတဲ့ဦးထွန်းနောင်က ကားပေါ်ကဆင်းလာတဲ့ ဦးသန်းရွှေကိုရယ်ပြရင်း

" လာကိုသန်းရွှေ အိမ်ထဲဝင်"

ဦးသန်းရွှေကသူ့ဇနီးဒေါ်ယမင်းကို လက်ချိတ်လိုက်၏ ၊ သူတို့နောက်ကဆင်းလာသူက သမီးဖြစ်တဲ့ရွှေစင်။ ရွှေစင်က ဦးထွန်းကိုခါးကိုင်းအရိုအသေပေးရင်း

" ဖေဖေ နေကောင်းတယ်နော်"

" အဟမ်း!! ကောင်း .. ကောင်းပါတယ်ကွယ်, လာလာ အိမ်ထဲဝင်ကြ"

ဦးထွန်းနောင်ကရှေ့ကကနေဦးဆောင်ကာ ဧည့်ခန်းထဲသို့ဝင်လာခဲ့သည်။ နောက်ကလိုက်လာတဲ့ ဦးသန်းရွှေတို့သားအမိမှာ အိမ်ကိုပတ်လည်အောင်ကြည့်ရင်း ဒေါ်ယမင်းက

" အဟင်း..! ကျမကခမည်းခမက်တို့အိမ်ကိုအကြီးကြီးထင်နေတာရှင့်.. အခုကျနှစ်ထပ်တိုက်ကိုမှသေးသေးလေပဲ အဟက်.! "

ဦးထွန်းနောင်ကတစ်ချက်ပြုံးရင်း နောက်ောနေလယျစာအတှကျပွငျနေတဲ့ကွီးစိနျနဲ့ဂဈြတူးကိုလှမျးချေါးကီးစိန်နဲ့ဂျစ်တူးကိုလှမ်းလိုက်သည်။

" မိစိန်နဲ့ဂျစ်တူ ဒီကိုလာပါအုံး"

အန်တီစိန်က နေ့လယ်စာပြင်ဆင်နေတာကိုခဏထားခဲ့ရင်း၊ ဂျစ်တူးကအအေးဗန်းကိုင်ကာ ဧည့်ခန်းသို့ထွက်လာကြသည်။ ဂျစ်တူးကအအေးဗန်းပေါ်ကအအေးခွက်ကို ယူကာစားပွဲပေါ်တင်ပေးဖို့ကျန်တော့ဒေါ်ယမင်းက

" နေ.. နေ ကိုယ်ဟာကိုယ်ယူမယ် "

ဂျစ်တူးကချပေးဖို့ပြင်ပြီးမှထို့ဗန်းအတိုင်းစားပွဲပေါ်တင်လိုက်၏။

" ဂျစ်တူးနဲ့မိစိန် ဒီမှာလာထိုင် မိတ်ဆက်ပေးမလို့"

ဒေါ်ယမင်းရဲ့အဆင့်အတန်းခွဲနေသည့်ပုံစံကြောင့်ဦးထွန်းနောင်က သူထိုငနေတဲ့ဆိုဖာမှာ အန်တီစိန်နဲ့ဂျစ်တူးကို လာထိုင်းခိုင်လိုက်၏၊ ထို့ကြောင့်လဲတဖတ်မိသားစုသုံးယောက်မှာ မျက်လုံးအကြောင်သားပြူးစွာဖြင့်ကြည့်နေကြသည်။

NAUNG " နောင် "Where stories live. Discover now