Part-22[Zawgyi]

1.7K 61 3
                                    

ရဲရင့်တစ်ယောက် သူ့ဆိုင်ဝန်ထမ်းတချို့နဲ့တခြားအပြင်လူတွေအပါ ဆိုင်ထဲမှာအလုပ်ရှုပ်နေသည်။ ခြောက်လမှာတစ်ကြိမ်ဘားကိုတစ်ပတ်မျှပိတ်ပြီး ပြင်ဆင်သင့်များပြန်ပြင်ကာ သန့်ရှင်းရေးလုပ်၏။ ထို့ထို့ကြောင့်ဆိုင်ပိတ်ထားကာဝန်ထမ်းတချို့နဲ့အပြင်အလုပ်တချို့နဲ့ သူကိုယ်တိုင်စီမံခန့်ခွဲနေသည်။ ထိုစဉ်ဆိုင်ထဲကိုဝင်လာသည့်လူကြောင့် ဆိုင်ဝန်ထိုင်းတချို့လုပ်နေသည့်အလုပ်များရပ်တန့်ကာ ထို့လူကိုငေးကြည့်နေကြသည်။ မာန်နေဂျာလေးရဲရင့်ကိုလက်ကုက်ရင်းမေးဆက်ပြတာကြောင့် ရဲရင့်နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်မိသည်။

နောင်ကဂျင်းဘောင်းဘီဒူပြဲအနက်နှင့်ရှပ်အနက်ကိုတွဲဝတ်ကာရင်ဘက်ရှိကျယ်သီးသုံးလုံးလောက်ကိုဖြုတ်ထား၏။လျှာထိုးဦးထုပ်အနက်ကိုခပ်ငိုက်ငိုက်စောင်းထားသည့်လူက လက်ကြားထဲစီးကရက်တစ်လက်ကိုညှပ်ထားသေး၏။ ခပ်လှမ်းလှမ်းမှာရပ်ကာ ရဲရင့်ကိုတစ်ချက်မော့ကြည့်ရင်း

" ဒီနေ့သောက်ရအောင်"

ရဲရင့်ထို့နေရာမှာအနည်းအံ့ဩစွာရပ်နေမိသည်။အကြောင်းက သူမြင်နေကျဆံပင်ရှည်တွေကိုနောင်ဆီမှာမမြင်ရတော့တာပင်ဖြစ်သည်။ထို့အပြင်လက်တစ်ဖက်ကလဲပတ်တီးအဖွေးသားဖြင့်၊သုံးလေးရက်ကြာမယ်ဆိုတဲ့သူက လေယာဉ်ကိုအသွားအပြန်စီးပြီးပြန်လာသည်လားမသိဒါ့အပြင်အခုမြင်နေတဲ့ရှေ့ကလူကနောင်မှဟုတ်ရဲ့လားလို့တောင်တွေးမိသည်၊မျက်လုံးတွေကရီဝေနေပြီးမျက်သားများကကနီရဲနေသေး၏။ ရဲရင့်နောင်အနားကိုလျှောက်လာရင်း

" ငါ့ဘားကပြင်နေတာဆိုတော့တခြားသွာရအောင်"

နောင်ကခေါင်းတစ်ချက်ညိမ့်လိုက်သည်။ ရဲရင့်ကဆိုင်မာန်နေဂျာလေးကိုလှမ်းခေါ်ကာ မှာစရာရှိတာမှာရင်း ထွက်လာခဲ့၏။ ကားမောင်းလာသည့်တစ်လျှောက်လုံးဘေးမှာထိုင်နေတဲ့နောင်က တစ်ဖက်ခြမ်းကိုသာမျက်နှာမူထား၏။

မြို့ပြင်နည်းနည်းကျသည့်နေရာမှာ အေးအေးဆေးဆေးသောက်လို့ရသည့် ဘားကိုရဲရင့်မောင်းချလာသည်။ ထို့ဘားကသူဌေးနဲ့သူကရင်းနှီးတာကြောင့် သူတို့နှစ်ယောက်အတွက်တိတ်ဆိတ်သည့်နေရာတစ်ခုကို သေချာပြင်ဆင်ပေး၏။ နောင်ကဆိုဖာပေါ်ထိုင်ချရင်းဝိတ်တာလေးကို

NAUNG " နောင် "Where stories live. Discover now