ဒေါက်! ဒေါက်! ဒေါက်!.......
ညနေကပြန်လာတဲ့အဝတ်အစားအတိုင်းမှူး
တင်ကုပေါ်မှာကွေးကွေးလေးအိပ်နေမိစဉ်
ဝလန်တာရဲ့မှန်တံခါးကိုလာခေါက်သံကြောင့်
တချက်လန့်သွားပြီး ကာထားတဲ့လိုက်ကာတွေကိုဆွဲဖွင့်လိုက်တော့ဝလန်တာမှရပ်နေသည့်တဖက်ခန်းကလူ။ မှူးတံခါးမဖွင့်ဘဲလိုက်ကာကိုပြန်ဆွဲပိတ်ဖို့ပြင်တော့ စာရိုက်ထားတဲ့ဖုန်းကိုမှန်နားမှာကပ်ထောင်ပြလာသည်။မှန်တွေရိုက်ခွဲပြီးဝင်ခဲ့ရမလားတဲ့!!
တကယ်လုပ်မယ့်ရုပ်နဲ့နှုတ်ခမ်းတဖက်ထဲတွန့်ပြီးပြုံးနေတဲ့ရှေ့ကလူကို မှူးမှန်တံခါးနည်းနည်းဟပေးရင်း
" ဘာကိစ္စလဲ "
မှူးဟပေးထားတဲ့မှန်တံခါးကိုသူ့လက်နဲ့အတင်းဘေးကိုတွန်းလိုက်တာကြောင့် မှူးပြန်ဆွဲမလိုလုပ်နေစဉ်မှာပဲ
" မင်းဘာလုပ် အွန့်! "
ရုတ်တရက်အေးစက်သွားတဲ့အထိအတွေ့ကြောင့် မှူးမျက်လုံးတွေမှိတ်လိုက်မိသည်။
ဒါကိုဟွန်းဆိုရယ်ပြီး မှူးနား နားကပ်ပြောလိုက်သည်ကကောင်းလားတဲ့....!
နောင်ရှေ့ကခရမ်းချဉ်သီးလိုရဲတက်သွားမျက်နှာလေးကိုကြည့်ရင်း ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ရေခဲမုန့်လေးပါးစပ်နားတေ့ပေးလိုက်တာကို ဘာထင်နေမှန်းမသိ၊ ပြီးမှရှက်ကိုးရှက်ကန်းတံခါးကိုအတင်းဆွဲပိတ်နေတယ်။
" ဖယ်စမ်း "
" မစားတော့ဘူးလား "
" မစားဘူးဖယ် "
ထို့အခါမှူးနှုတ်ခမ်းနဲ့ထိထားသည့်ရေခဲ့မုန့်ထိပ်ပိုင်းလေးကို နောင်ကလျှာဖျားလေးနဲ့ကလော်စားပြလိုက်တာကြောင့် မှူးမျက်နှာလေးက ရဲသည်ထက်ပို၍ရဲကာ
"အေးငါဆွဲပိတ်လို့လက်ညပ်ရင်မသိဘူးနော်"
အခုတောင်တံခါးကနည်းနည်းလေးမှမရွေ့တာကိုများ လက်ညပ်မယ်လေးဘာလေးနဲ့ ခြိမ်းခြောက်နေတယ်ပေါ့။
" ရော့ ယူလိုက် "
" မယူဘူးဖယ် "
" ကျစ်! ကလေးမဆန်စမ်းနဲ့ပိုင် "
YOU ARE READING
NAUNG " နောင် "
FantasyMyanmar Bl Fiction ( OC ) Unicode & Zawgyi Author - Miracle ⚠️ Warning