Part-7[Unicode]

5.9K 398 24
                                    

လန့်ဖြန့်သွားတဲ့ပုံစံလေးနဲ့နောက်ကိုဆုတ်သွားတဲ့စိမ်းဖျော့ဖျော့လေးကနောင်မျက်လုံးထဲမှာချစ်စရာအတိ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကအရည်ကြည်လဲ့နေပြီးအောက်နှုတ်ခမ်းကိုဖိကိုက်ထားသည့် ပိုင်ပုံစံလေးကနောင်နှလုံးသားတွေကိုခုန်ပေါက်စေသည်။ သူ့စိတ်ထဲရှိတဲ့တိုင်းသာဆိုထို့နှုတ်ခမ်းတွေကိုငုံထွေးပစ်ချင်မိသည်။ဤလူသားလေးကိုထွေးဖတ်ထားချင်သည် မျက်နှာတစ်ခုလုံးနေရာလပ်မကျန်နမ်းရှိုက်ချင်မိ၏။ မိန်းမပေါင်းမရေတွက်နိုင်အောင်သူတွဲ့ခဲ့ဖူးသည် ထို့မိန်းကလေးတွေရဲ့နေရာလပ်မကျန်မြင်တွေ့ဖူးသည်။ ဒါပေမယ့်အခုလိုစိတ်မျိုးတစ်ယောက်မှတောင်မရှိခဲ့။ အခုလဲထို့နှုတ်ခမ်းတွေကသူ့ကိုရန်တွေ့ဖို့ဟန်ပြန်နေပြန်၏

" ရူးနေလား "

" မင်းကြောင့် "

" ငါမင်းနဲ့ရန်ဖြစ်ဖို့အချိန်မရှိဘူး ဖယ်ပေး "

" ပြောတယ်လေ ရရင်သွားလို့ "

အရင်ထက်ရှည်လာသည့်လှိုင်းထ‌နေတဲ့ဆံပင်အလယ်ခွဲကိုလက်နဲ့လှန်တင်လိုက်ပေမယ့် ပုံစံကျကျပြန်ကျလာတဲ့ဆံပင်တွေကမျက်လုံးမဖုံးရုံတမယ်။ ဟွန်းဆိုတစ်ချက်ပြုံးယောင်သမ်းရုံပြုံးရင်းမှူးကိုစိုက်ကြည့်နေသည်။ ထို့အကြည့်တွေကြောင့်မှူးလက်ဖျားခြေဖျားတွေအေးစက်သွား၏။

" မင်းဘာဖြစ်ချင်နေတာလဲ "

"ဖြစ်ချင်တာကိုပြောပြလိုက်ရင်လန့်သွားမယ်"

" ကျစ်! အဲ့ဒါဆိုလဲဖယ်ကွာ "

တံခါးရှေ့ပိတ်ရပ်နေသူကိုတွန်းဖယ်လိုက်ပေမယ့်တစ်စက်ကလေးမှရွေ့မသွားပဲမှူးရဲ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ရင်း အင်္ကျီလက်ကကျယ်သီးကိုဖြုတ်ကာလှန်တင်လိုက်၏။

" မင်းဘာလုပ်တာလဲ လွှတ်စမ်း "

ကျန်တစ်ဖက်နဲ့မှူးသူ့လက်တွေကိုဆွဲဖယ်ရုန်းနေပေမယ့်အချည်းနှီးပေမှူးလက်ကောက်
ဝတ်ကအရာတွေကိုသေချာစိုက်ကြည့်ရင်း

" ပြွတ်"

ဖိန်းခနဲရှိုန်းခနဲဖြစ်သွားတဲ့ခံစားချက်နဲ့အတူလက်ကိုပြန်ရုန်သိမ်းလိုက်မိသည်။ကျန်လက်တစ်ဖက်ကလဲသူ့‌ပါးပေါ်သို့

NAUNG " နောင် "Where stories live. Discover now