Part-2[Zawgyi]

3.2K 117 2
                                    


"ဒီလကုန်ပဲ နောင်"

"ဟာ! အဖေ.."

" အပိုစကားမဆိုနဲ့ ဟိုဘက်က မင်း ဦးလေးလည်းနဲ့အကုန်တိုင်ပင်ပြီးပြီ ဒီလကုန်ပဲ"

နောင် ဘာစကားမှထပ်မပြောတော့ အဖေတစ်ခုသားတစ်ခုပဲရှိတဲ့ဘဝမှာ သူဆိုးသမျှကိုခါးစီးခံခဲ့တဲ့အဖေကို သူဒီတစ်ခါတော့ဘာမှပြောပဲငြိမ်နေခဲ့လိုက်၏။ အဖြူမလေးတွေကြောင့်လည်းပါတယ်ဆိုပေမယ့်လည်းပေါ့၊ စာဆိုတာကမနက်ဟေ့ဆို ဒီနေ့ကုန်းလုပ်လိုက်ရုံပဲမဟုတ်လား။

ဟိုဘက်ကဦးလေးဆိုတာ နောင်အမေဘက်ကဖြစ်၏။ နောင် ကိုအရမ်းလည်းချစ်သလိုအလိုလည်းလိုက်တက်တဲ့လူပျိုကြီးပင်။ လူပျိုကြီးဆိုမှ သူစဉ်စားမိတော့တယ် သူတို့အမျိုးကလူပျိုကြီးတွေများသား။ အဖေညီ ဦးခန့်နောင်ကလည်းလူပျိုကြီးပဲ၊ ဒါပေမယ့် နောင် ထိုလူကိုတော့သဘောမကျ။
တခါတလေအဖေကသူနဲ့နောင်ကိုအကျင့်တူတယ်လို့ပြောရင် နောင် ဒေါသထွက်မိသေးသည်။

နောင်တို့က ဆိုးပဲဆိုးတာမယုတ်မာဘူး။

မဖြစ်ဘူး လူပျိုကြီးများတဲ့အမျိုးထဲ နောင်ကတော့ လူပျိုသိုးကြီးအဖြစ်မခံနိုင် ကိုယ့်ခွန်အားတွေအလကားမဖြစ်အောင်အသုံးချရမယ်လေ။Gym တွေဆော့ထားတာအလကားမှမဟုတ်တာ ဒီလို Sixpack တွေရဖို့သူဘယ်လောက်ကြိုးစားထားရလည်း နောင်က Body နဲ့ပတ်သတ်လာရင်အရူးအမူးပင်။ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ကျစ်လစ်နေအောင်အမြဲလေ့ကျင့်ခန်းတွေလုပ်လေ့ရှိသလို၊အစားကိုလည်းဆင်ခြင်စား၏။
အသားကဖေကဖြူပြီးအမေကညိုတော့ နောင်အသားကမဖြူဘဲဝါတဲ့ဘက်ကိုပါ၏။ အသက်နှစ်ဆယ်ကျော်ရုံပဲရှိတဲ့နောင်ရဲ့ခန္တာကိုယ်ဟာအသက်အရွယ်နဲ့မလိုက်ဖွံ့ထွားလို့နေသည်။ နဂိုကအရပ်ရှည်သူမျိုးရိုးမို့ နောင်က လူငယ်ပီပီရေကူး၊ဘားတန်းခိုတာတွေပါလုပ်တာကြောင့် 6ပေကျော်လောက်ပင်ရှိ၏။

ရေချိုးပြီးကာစမို့ခါးတွင် Towels အမဲတစ်ထည်သာရှိပြီးလက်ထဲမှာ Towels အမဲတစ်ထည်ဖြင့်ရေစိုနေသည့်ဆံပင်တွေကိုသုတ်ရင်းက မှန်ထဲမှာသူ့ကိုယ်သူကြည့်ရင်ကျေကျေနပ်နပ်နှင့်သူ့အကျင့်တိုင်းတစ်ခြမ်းထဲပြုံးလိုက်သည်။ ကြွတ်သားတွေက
သူ့နေရာနဲ့သူအဆီပိုမရှိသည့်အပြင်ဝမ်းဗိုက်မှာမြှောင်းလိုက်ထနေသည့်ကြွက်သားတွေကြောင့်ဗိုက်သားကိုတစ်ချက်ရိုက်လိုက်၏၊ ပြီးနောက်တစ်ဆက်ထဲဆီးခုံအောက်ကဖောင်းကြွကြွအရာကိုကြည့်ရင်း။

NAUNG " နောင် "Where stories live. Discover now