part-21[Unicode]

4.4K 296 15
                                    

" နောင်.. မင်းUS ကိုဘာကိစ္စနဲ့သွားမှာလဲ
ငါတို့သိလို့ရမလား"

Gymရဲ့နားနေခန်းထဲမှာနောင်က အပေါ်အင်္ကျီတွေကိုချွတ်ထားပြီးချွေးစို့နေတဲ့ခန္တာကိုယ်ကို တပတ်ဖြူတစ်ထည်နဲ့သုတ်နေပြီး၊ ရဲရင့်ကလဲအင်္ကျီချွတ်ရက်နဲ့ပင် လက်ကိုနောက်ပစ်ကာခန္တာကိုယ်ကိုခပ်လျောလျောထိုင်နေရင်းကလှမ်းမေးလိုက်ချင်းပင်။ Trainingပြီးသွားတာမို့ချွေးသိမ့်ရင်းခဏထိုင်နေကြပင်ဖြစ်၏။ သုတကတော့ရေချိုးခန်းထဲဝင်နှင့်ပင်ဖြစ်သည်။

နောင်ကတပတ်ကိုဂုတ်ပိုးပေါ်တင်ရင်း သူ့ဆံပင်တွေကိုခပ်မြင့်မြင့်ထုံးထားသေ၏။ မမှီတမှီဆံစတချို့ကတော့ဂုတ်ဆက်တချို့မှာကျလျှက်ပင်။ရဲရင့်ဘက်ကိုတစ်ချက်လှည့်ရင်း

" လောလောဆယ်တော့မသိချင်နဲ့အုံး"

တုံးတိနှင့်ခပ်ပြတ်ပြတ်ပြောတက်သည့်ထို့အကျင့်က မှူးသက်ပိုင်နဲ့သာပြင်တယ်။ ကျန်တဲ့သူတွေနဲ့တော့ရိုက်ချင်စရာကောင်းအောင်ပြောဆိုတက်တဲ့ ကျက်သတုံးကောင်....!

ရဲရင့်မသိမသာမျက်စောင်းထိုးရင်းရေချိုးခန်းထဲဝင်ဖို့ပြင်လိုက်သည်။ နောင်ကလဲနောက်ကလိုက်ဝင်၏။ဒီရေချိုးခန်းကသူတို့သာသုံးသည်မို့ အခန်းကျယ်သလိုယောင်္ကျားလေးတွေကြီးပဲမို့ ဘေးအကာသာရှိ၏။ ရဲရင့်နောက်ကလိုက်ဝင်လာတဲ့နောင်ကို စကားပြန်ဆက်၏

" ဘာပဲဖြစ်ဖြစ်ကွာ မင်းအကူအညီလိုရင်တော့ငါတို့ကိုပြော"

"အွန်း"

ဘာရယ်ကြောင့်မသိ နောင်USသွားမည့်ကိစ္စကရိုးရုင်းသည်လို့တော့ရဲရင့်စိတ်ထဲမှာမထင်။သူနဲ့နောင်စကားကြောင့် ဘေးခန်းမှာရေချိုးနေတဲ့သုတကခေါင်းပြူကာ

" နောင်USကပြန်လာရင်နှစ်ချို့Brandyတစ်လုံးတော့ဝယ်ခဲ့ကွာ"

နောင်ကခပ်မဲ့မဲ့ပြုံးရင်းတဖတ်ရေချိုးခန်းထဲဝင်ကာ ဘောင်းဘီကိုဆွဲချွတ်ရင်းအဝတ်တောင်းထဲပစ်ထည့်လိုက်သည်။ ရဲရင့်ကလည်းထို့နည်းတူပင်။ ဒီကအဝတ်တွေကိုသူတို့ကဒီုဘီပို့လေ့ရှိသည်။ ထို့တာဝန်ပိုသုတကအပြည့်အဝယူ၏။

NAUNG " နောင် "Onde as histórias ganham vida. Descobre agora