Part-8[Unicode]

6K 332 10
                                    

တောင်းဆိုလို့လိုက်ရောရင်း နောင်သီချင်းသုံးပုဒ်ကိုဂစ်တာတလတ်နဲ့တခါထဲဆိုလိုက်ရတာမို့ တော်တော်လေးအာခြောက်သွား၏။ ဒါတောင်ခွေးသားသုတကနောက်တစ်ပုဒ်ဆိုပြီးလက်ထောင်ပြနေတာကြောင့်

"သုတမင်းလက်နဲ့ခြေထောက်ထပ်ကျိုးချင်လား"

နောင်အံကြိတ်ပြီးမျက်လုံးပြူးပြနေတာတောင်သုတကစပ်ဖြဲဖြဲလုပ်နေသေး၏ ရဲရင့်ကအခြေအနေကိုသဘောပေါက်တာကြောင့် သုတကိုဇတ်ပိုးအုပ်ရင်းအင်္ကျီဂုတ်ကနေဆွဲခေါ်သွားတော့သည်။

"နေရင်းထိုင်ရင်းဆေးရုံပြန်တက်နေရမယ်
သုတရေ လာလာ"

သုတနဲ့ရဲရင့်ထွက်သွားတော့ အစိမ်းလုံးလေးရှိတဲ့ဘက်ကိုလှည့်ကြည့်ချိန် ‌စောနထိုင်နေတဲ့နေရာတွင်မရှိ ဟိုဒီမျက်စိဝေ့ကြည့်တော့အရိပ်တောင်မတွေ့တော့ဘယ်အချိန်ကဘယ်လိုထွက်သွားမှန်းမသိလိုက်။ ပြေးတဲ့သူကပြေးမှတော့ ကိုယ်ကလိုက်ဖမ်းရုံပေါ့ ။

သူ့ သူငယ်ချင်းတွေနဲ့စကားပြောတုန်းလစ်ထွက်ခဲ့တဲ့ မှူးမှာရင်တုန်ပန်းတုန်ဘာအမှားမှမလုပ်ထားပဲဘာကြောင့်ခိုးကြောင်ခိုးဝှက်ထွက်လာရသနည်း၊မှူးကိုယ်တိုင်လဲနားမလည်ပါ။ အခုလဲစိတ်ထဲမလုံနေတာကြောင့်‌ ကားဘက်မှန်ကနေနောက်လှမ်းကြည့်တော့ ဆိုင်ကယ်တစ်စီးကမှူးကားနောက်ထပ်ချပ်မကွာလိုက်နေ၏။သိပ်မကြာကားနဲ့ဘေးချင်းကပ်မောင်းလာတာကြောင့် လှည့်ကြည့်မိတော့ Helmet အနက်အကြောင့်မျက်နှာမမြင်ရပေမယ့်ထို့မဲနက်‌နေသည့်ပုံစံက ခွေး‌ချီသွားတောင်မှတ်မိနိုင်သည့်လူမှန်းမှူးသိသည်။ ဒါကြောင့်ကားကိုအရှိန်မြှင့်လိုက်တော့ မှူးကားအရှိန်တိုင်းလိုက်မောင်းသည်။

အနောက်ကထပ်ချပ်မကွာလိုက်လာသည့်
လူက မှူးကားပါကင်မှာရပ်တော့လဲသူ့က
ဆိုင်ကယ်ရပ်သည့်ဘက်မှာသွားရပ်၏။
အမှန်အတိုင်းဝန်ခံရရင် မှူးအခုကားပေါ်ကဆင်းဖို့တော်တော်လန့်နေမိသည်။ ဒါပေမယ့်မှူးလန့်နေရုံနဲ့ဒီကိစ္စကမပြီး ဒါကြောင့်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဓာတ်လှေကားရှိရာဆီသို့လျှောက်လာခဲ့တော့ထိုသူကပါအနောက်ကပါလာသည်။

NAUNG " နောင် "Where stories live. Discover now