[Arc 3 END] Chapter 58

Start from the beginning
                                    

"မင်းအိမ်ပြန်မှာမဟုတ်ဘူးလား? ငါတို့သွားမယ့်လမ်းက မတူဘူးလေ"

လီဝမ်ရှင်းလက်ခါပြပြီး .."မပြောနဲ့တော့ ... ငါ့မှာ လက်မှတ်တွေဝယ်ဖို့အတန်းဖြတ်လိုက်ရတာ ဒါပေမဲ့အကုန်ရောင်းထွက်သွားပြီတဲ့ ... အားလပ်ရက်ရာသီတောင်မရောက်သေးဘဲနဲ့ ဘာလို့ဒီလောက်ရောင်းကောင်းသလဲ ငါမသိတော့ဘူး"

"ဒါဆို မင်းပြန်ဦးမှာလား?"

"ပြန်မှာပေါ့" လီဝမ်ရှင်းအဝတ်စားလဲပြီး ပြောတယ် .."ခရီးထွက်မယ့်အတန်းဖော်အချို့ရှိတယ်ဆိုတာ မင်းသိတယ်မလား? အဲ့ဒီ့လူ‌တိုင်းပြောနေတဲ့ခရီးက စီးပွားရေးမေဂျာဌာနကစီစဉ်တာလေ... အဲ့ထဲက ငါ့နေရာနဲ့နီးတဲ့ဆီကိုသွားမယ့်သူရှိတာမလို့ ... လမ်းကြုံလိုက်စီးဖို့ ငါသူတို့ကိုမေးထားတယ်"

ခရီးအကြောင်းကိုပြောတော့မှ သူတို့အတန်းထဲက အတန်းဖော်တွေသည် ထိုခရီးကိစ္စဆွေးနွေးနေကြသည်ကို စုမင်ရုတ်တရက်မှတ်မိသွားသည်။

"ဒါဆိုရင် မင်းပြန်လာတဲ့အချိန်ကျတော့လည်း သူတို့နဲ့စီးလာမှာပေါ့?"

လီဝမ်ရှင်းက .."အင်း ... ခရီးကလူတွေအကုန်လုံးကအတန်းဖော်တွေ ဒါမှမဟုတ်လည်း သူတို့သူငယ်ချင်းတွေဆိုတော့ သူတို့ကိုကျောင်းပြန်ပို့ပေးလိမ့်မယ် ... ဒီလိုဆိုခရီးစရိတ်ကုန်ကျသက်သာတယ်"

ဒါက အလွန်အကျိုးအမြတ်ရှိသည်လို့ စုမင်ခံစားမိသည်။

လီဝမ်ရှင်းထုပ်ပိုးပြီးနောက် သူတို့နှစ်ယောက်သားအတူအပြင်ထွက်လာကြသည်။ သူတို့နှစ်ဦးလုံးလမ်းခွဲသွားသည့်အချိန် တစ်ယောက်က ရုပ်ရှင်ရုံသို့မြေအောက်ရထားဖြင့် သွားကာ ကျန်တစ်ယောက်ကဘတ်စ်ကားပေါ်တက်သွား၏။

မိုးမရွာသည့်နေ့ရက်တွေဆို ရုပ်ရှင်ရုံဆီ စုမင်တိုက်ရိုက်လမ်းလျှောက်လေ့ရှိသည်။ သူနဲ့ အလွန်နီးသည့်မြေအောက်ဘူတာဖြင့် ရုပ်ရှင်ရုံကိုသွားရသည်မှာ ပထမဆုံးဖြစ်လေသည်။
သူ့ဘောင်းဘီမှ ရေစိုစက်များမခြောက်ခင်မှာပဲ ရောက်ရှိသွားသည်။

စုမင်ထီးအမြန်ဖွင့်ပြီး ရုပ်ရှင်ရုံသို့ခပ်သွက်သွက်လျှောက်လေသည်။ သူ့အိုင်ဒီကိုပြပြီး လျင်မြန်စွာပြဇာတ်ရုံထဲဝင်လာ၏။
သူ့နောက်မှာ စောင့်နေတဲ့လူတန်းရှည်ကြီးကိုကြည့်လိုက်ကာ ဒီအထူးအခွင့်အရေးရရှိတာ အလွန်ကောင်းသည်ဟု ခံစားလိုက်ရသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now