ကျန်းမော့ချန် ပြုံးလိုက်ကာ ခါးလေးကို မထိတထိပွတ်လာပြီး

''ဒါဆိုရင်တော့ ကိုယ်မလုပ်လို့မဖြစ်တော့ဘူး မဟုတ်ရင် မင်း ကိုယ့်အပေါ်မှာရှိနေတဲ့ မျှော်လင့်ချက်အကြီးကြီးကို ရိုက်ချိုးမိသလိုဖြစ်တော့မယ် ''

''မလုပ်ပါနဲ့ မလုပ်ပါနဲ့ '' ယန်းချင်းချီ သူ့လက်ကို ပြန်ဆုပ်ကိုင်ထားရင်း '' ဒီတိုင်းပဲ နှိပ်ပေး ''

ကျန်းမော့ချန် ဘာမှဆက်မပြောတော့ပဲ ခါးလေးကိုသာ နှိပ်နယ်ပေးနေသည်။ နှိပ်နေရင်းနဲ့လည်း အပြစ်မတင်ပဲမနေနိုင်ခဲ့။

''မင်း ကိုယ့်ကို နောက်ထပ် နည်းနည်းလေးလောက်တောင် အကောင်းမြင်ပေးလို့ မရတော့ဘူးလား ''

''နောက်တစ်ခေါက်ပေါ့၊ နောက်တစ်ခေါက်ကျရင် ခင်ဗျားကို နတ်ဘုရားအဆင့်လောက်အထိကို အများကြီးအကောင်းမြင်ပေးမယ် ''

'' အစကတည်းက အဲ့လိုဖြစ်သင့်တာ ''

ကျန်းမော့ချန် ထိုသို့ပြောပြီး ဘာမှဆက်မပြောတော့ပေ။ ယန်းချင်းချီကလည်း စကားပြောချင်စိတ်မရှိတာကြောင့် တစ်ယောက်ကဖွဖွလေးနှိပ်ပေးနေချိန် တစ်ယောက်မှာ မျက်လုံးလေး မှိတ်ပြီး ဇိမ်ခံနေသည်။ တိတ်ဆိတ်သောညလယ်တွင် အခန်းတွင်လေထုလေးမှာ ငြိမ်းချမ်းနေသည်။

တော်တော်လေးကြာမှ ကျန်းမော့ချန် ပါးစပ်ဟကာ သူသိချင်သည်ကို ထုတ်မေးလာသည်။

''ဒီနေ့.... အဲ့အချိန်တုန်းက ကြောက်သွားလား ကိုယ်ထိခိုက်မိသွားမှာကိုလေ  ''

ယန်းချင်းချီ ပြန်မဖြေခဲ့တာကြောင့် ကျန်းမော့ချန်က သူ့နာမည်လေး ခေါ်လာသည်။

ယန်းချင်းချီ ကျန်းမော့ချန်ဘက်လှည့်လိုက်သည်။ အမှောင်ထဲတွင် တစ်ယောက်မျက်နှာတစ်ယောက် ရှင်းရှင်းလင်းလင်း မမြင်ရဘူးဆိုသော်ငြား တဖက်လူ၏ အကြမ်းဖျင်းမျက်နှာကျကိုတော့ ဝေဝေဝါးဝါး မြင်ရသေးသည်။ ယန်းချင်းချီ ခပ်တိုးတိုးလေး ပြောလာတာကို သူ ကြားလိုက်ရသည်။

''ခင်ဗျား ဒီမေးခွန်းကိုမေးတာက ကျွန်တော်ကြောက်သွားတယ်လို့ ပြောလာတာကို လိုချင်လို့လား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now