ပြီးနောက် လူပြက်သည် တဖြည်းဖြည်းအရိုးအဖြစ်ပြောင်းလဲသွားပေလိမ့်မည်။

စုမင်တို့ နောက်ဆုံးပစ်ချက်ကို မဖြေရှင်းခဲ့ရင်တောင် လူပြက်ကအသက်ကြာကြာရှင်မှာမဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် လူပြက်ကိုယ်တိုင်က သူ့ကံတရားသူ သတိမမူမိလို့ဖြစ်နိုင်သည်။

ဒါရိုက်တာက နောက်ဆုံးဖျော်ဖြေပွဲမှာ ပန်းအိုးတွေဘာကြောင့် ပါဝင်ရတာလဲဆိုတာကိုလည်း အဆုံးမှာ ပြောပြထားတယ်။ ဘာလို့ဆို ထိုသရဲတစ္ဆေများသည် လူသားတုတ်ချောင်းများအဖြစ်သို့ ပြောင်းလဲသွားစေရန် သတ်ဖြတ်ခြင်းခံခဲ့ရသော သားကောင်များဖြစ်ခဲ့သည်။

ဒုတိယအီစတာဥထွက်လာစဥ် စုမင်မှာ ခံစားချက်အပြည့်နှင့်..။

လဲ့လင်းသရုပ်ဆောင်သည် ယောက်ျား‌လေးယူနီဖောင်းဝတ်ဆင်ထားပြီး တက်ကြွ‌ကာငယ်ရွယ်သည့်အသွင်ရှိသည်။ ရုပ်ရှင်ထဲမှာ မိတ်ကပ်မလိမ်းခြယ်ထား၍ အလွန်မိန်းကလေးမဆန်တော့ပေ။

သူသိပ်ဖြေရှင်းချက်‌မပေးထားဘဲ အသေးစိတ်သာရှင်းပြထား၏။

ရုပ်ရှင်သည် အချို့သောဇာတ်ဝင်ခန်းများကိုသာ ဖော်ပြထားတာမို့ ဇာတ်ညွှန်း၏နောက်ခံအချက်အလက်များကို မပြသခဲ့ပေ။ နောက်ဆုံးရှိုးမှာ သူဘာကြောင့်ပါဝင်ခဲ့သလဲ? ဘာကြောင့် သူ့ကိုရွေးချယ်ခဲ့တာလဲဆိုတာကို ရှင်းပြမထားဘူး။

လဲ့လင်းမိဘများက သူ့ကိုကယ်တင်ခဲ့ပြီး ရှိုးပွဲမှထွက်ပြေးကာ သူ့ကိုရှာမတွေ့စေရန် မိန်းကလေးလိုဝတ်စားခဲ့ပြီး သူ့ဘဝသူတိတ်တိတ်ဆိတ်ဆိတ်သာနေခဲ့သည်။

သို့‌သော် လီချီယွီက သူ့ရဲ့အတိတ်ကို ပြန်သတိရစေတဲ့ ရှိုးပွဲလက်မှတ်ကိုပို့ဆောင်ခဲ့တယ်။

လဲ့လင်းသည် သူ့မိဘအရိုးတွေကိုပြန်သွားရှာပြီး ကောင်းကောင်းမွန်မွန်မြေမြှုပ်ချင်၍ လီချီယွီကိုမဟန့်တားခဲ့ပေ။

သူအသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ရင်တောင် ကိစ္စမရှိပေ။ သူ့မိဘတွေနဲ့အတူတူသေသွားနိုင်ရုံသာ..။

သို့ပေမဲ့ သဘာဝကျကျ ဒါရိုက်တာက သူနဲ့လီချီယွီကိုအောင်မြင်စွာထွက်ပြေးလွတ်မြောက်နိုင်ခွင့်ပေးခဲ့ပြီး နောက်ပိုင်း အဖမ်းခံရန်ရွေးချယ်ခဲ့ကာ သူ့ကိုယ်သူတကယ့်အဆုံးသတ်ပေးခဲ့သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now