''ဟုတ်တယ် ဒါပေမဲ့ ငါသူ့ကိုမတောင်းပန်ခဲ့ဘူးလား ''

''သူနိုင်သွားလို့ မင်းမှာရွေးချယ်စရာမရှိပဲ တောင်းပန်ရတာလေ တကယ်လို့ သူရှုံးသွားရင် ဒါမှမဟုတ် မင်းနဲ့အတူ ပူးလ်လိုက်မဆော့ပေးရင် မင်းတောင်းပန်မှာလား ''

လျောင်စစ်ပေါ်ပြန်မဖြေခဲ့ပါ။

ကျန်းမော့ချန် ထိုအမူအရာကိုမြင်ပြီး နှာမှုတ်လိုက်ကာ

''မင်းရှုံးလို့ မင်းတောင်းပန်ရတာလေ 'ဪ ငါဒီလိုပြောလိုက်ရင် တဖက်လူကို ထိခိုက်သွားပါမယ်လေ 'ဆိုပြီး နားလည်လိုက်လို့လား ဒါမှမဟုတ် 'ငါ့သူငယ်ချင်း မျက်နှာရှိပါတယ်လေ 'ဆိုပြီး တွေးမိလို့လား အဲ့ဒါတွေကြောင့် မင်း တောင်းပန်တာမှမဟုတ်တာ မင်းရှုံးလို့၊ မတောင်းပန်ရင် မျက်နှာပျက်တော့မှာမို့လို့ မင်းတောင်းပန်ရတာလေ ''

လျောင်စစ်ပေါ်မှာ အံကိုကြိတ်ရင်း သူ့ကိုမော့ကြည့်လာသည်။

''ဟုတ်တယ် မင်းပြောတာအားလုံးမှန်တယ် ဒါပေမဲ့ ငါသူ့ကိုဘာလို့တောင်းပန်ရမှာလဲ ငါမှသူ့ကိုမကြိုက်တာ အဲ့ဒါနဲ့ ငါအပြစ်ရှာလို့မရတော့ဘူးလား အရင်တုန်းကဆို ငါဘာသာငါ ဘယ်သူ့ကြိုက်ကြိုက် ဘယ်သူ့မုန်းမုန်း ငါတို့ပြဿနာတက်ခဲ့ကြတာမှမဟုတ်တာ သူကရော ဘာတွေထူးခြားနေလို့လဲ ''

''တူမလား သူက ငါနဲ့လက်ထပ်ထားတဲ့လူလေ ငါက လမ်းပေါ်ကလူ ကောက်ဆွဲပြီး ပြီးစလွယ် လက်ထပ်ထားတာ မဟုတ်ဘူး! ''

''ငါတို့အသိုင်းအဝိုင်းထဲကမဟုတ်မှတော့ သူက လမ်းပေါ်ကလူပဲပေါ့ ငါတို့နဲ့လုံးဝစိမ်းတယ်လေ သူက မင်းနဲ့ လက်ထပ်ထားပါတယ်ဆိုတဲ့ ကွာခြားချက်လေးပဲရှိတာ ပြီးတော့ ဒီတိုင်းလက်ထပ်စာချုပ်လေးပဲ မဟုတ်ဘူးလား မင်းကြိုက်နေတာလည်းမဟုတ်ပဲနဲ့ ဘာလို့အဲ့လောက်ထိ လိုက်ကာကွယ်ပေးနေရတာလဲ ''

''မင်းခေါင်းထဲမှာ ချီးတွေပြည့်နေတာလား လျောင်စစ်ပေါ်!? ''

ကျန်းမော့ချန်မှာ တဖက်လူ၏ အတွေးအခေါ်တွေကို လိုက်မမှီနိုင်တော့သဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

''လက်ထပ်မှတ်ပုံတင်စာချုပ် ဆိုတဲ့အရာက ပေါ့ပေါ့တန်တန် သဘောထားလို့ရတဲ့အရာလို့ ထင်နေတာလား ငါတို့နှစ်ယောက် အဲ့စာချုပ်ရလိုက်တဲ့နေ့ကစပြီး ငါတို့အိမ်ထောင်ဖက်တွေဖြစ်သွားခဲ့ပြီ 'အိမ်ထောင်ဖက်' ဆိုတဲ့ စကားလုံးကို နားလည်လား တကယ်လို့ မင်းအဖေရှေ့မှာ မင်းအမေကို လာဆဲနေရင် မင်းအဖေကအဲ့လူကို ခြေလက်အကောင်းအတိုင်းလေး ပြန်လွှတ်လိမ့်မယ်လို့ထင်လား ဟုတ်ပြီ မင်းအဖေနဲ့အမေက ငယ်ကျွမ်းဆွေတွေမို့ တယောက်နဲ့တယောက်ကာကွယ်ပေးကြတာက သဘာဝပဲ၊ ဒါပေမဲ့ငါတို့ကြားမှာ အချစ်မရှိလို့ ပြောနေရတာလို့ လာမပြောနဲ့ အကုန်လုံးအတူတူပဲ ရုံးကနေ လက်ထပ်မှတ်ပုံတင်စာချုပ်ရလိုက်ပြီဆိုကတည်းက ကောင်းကောင်းဆိုးဆိုး အတူဝေမျှခံစားရတော့မှာ နားလည်လား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now