ကန်တင်းအရောက်နောက်ကျ၍ မစားလိုက်ရသူများကလည်း ဒုနှင့်ဒေး ။ စိတ်မကောင်းစွာဖြင့် ထယ်ယောင်း ဝက်နှံရိုးနပ်လာစားသည့် နေ့ရက်တွင်မှ ဝက်နံရိုးနှပ်က တစ်ယောက်စာသာကျန်တော့လေသည် ။

" ငါအရင်ပြောတာ... ဝက်နံရိုးနှပ်က ငါ့ဟာပဲ "

ဂျောင်ကုမှာ ဘယ်အချိန်ကတည်းက ထယ်ယောင်း၏ ဘေးအတန်းတွင်ရောက်နေသည်မသိ ဝက်နံရိုးနှပ်အား သူပိုင်ဆိုင်သကဲ့သို့လာလုနေသည် ။

" ငါအရင်ရောက်တာလေ... ဒီဝက်နံရိုးက ငါ့ဟာပဲ "

ဘယ်သောအခါမှ အလျှော့မပေးတတ်သည့် ထယ်ယောင်းက ယခု ဝက်နံရိုးနှပ်အားလည်း အလျှော့မပေးနိုင်ပါ ။

" မင်းအခု လာနောက်နေတာလား? ဘယ်လိုပဲဖြစ်ဖြစ် ငါအရင်ပြောလိုက်တယ်ဆိုတာ သိသာနေတာကို "

" အရူး...အတန်းမစီဘဲကျော်တက်လာပြီး ငါနဲ့ ဝက်နံရိုးနှပ်လာလုနေတာလား... အနောက်ပြန်သွားစမ်း "

" မသွားနိုင်ပါဘူး... ဒီဝက်နံရိုးနှပ်က ငါ့ဟာပဲ "

" ငါစားမှာ ... ဒေါ်လေး ကျွန်တော့်ကိုထည့်ပေးပါ "

" ဒေါ်လေး... ဝက်နှံရိုးနှပ်ကို ကျွန်တော်ဘယ်လောက်ကြိုက်လဲ သိတယ်မလား... ကျွန်တော့်ကိုထည့်ပေး "

တစ်ဦးနှင့်တစ်ဦး နဲနဲလေးမှအလျှော့မပေးသောကြောင့် ဟင်းထည့်ပေးမည့်အဒေါ်ကြီးမှာ စိတ်လေလာသည် ။ ထို့ကြောင့် သက်ပြင်းချလိုက်ကာ တစ်ယောက်စာသာကျန်‌ေသာ ဝက်နံရိုးနှပ်ထည့်ထားသည့် လင်ဗန်းအား ထယ်ယောင်းနှင့်ဂျောင်ကုဆီသို့ ထိုးပေးလာသည် ။

" ရော့... ဒီဗန်းပါယူသွားပြီး တခြားနေရာမှာ ခွဲဝေလိုက်ကြ...နောက်မှာ ကျောင်းသားတွေ ကျန်သေးတယ် ဒီမှာ ရန်မဖြစ်ကြနဲ့ "

ဟင်းထည့်ပေးသည့် အဒေါ်ကြီးမှ သူတို့နှစ်ယောက်အား ထိုသို့ပေးလာတော့ ထယ်ယောင်းနှင့် ဂျောင်ကုမှာ ဝက်နံရိုးနှပ်ဗန်းအား တစ်ယောက်တစ်ဖက်စီကိုင်ကာ စားပွဲအလွတ်တစ်ခုသို့တူတူသွားလိုက်ကြသည် ။ နှစ်ဦးသား မျက်နှာချင်းဆိုင်နေရာယူပြီးသည့်နောက်တွင်တော့ ဝက်နှံရိုးနပ်ဗန်းအား အလယ်တွင်ချကာ ဆက်လက်ငြင်းခုံကြပြန်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now