ခဏအကြာ အခြားတစ်ဖက်သို့ ဆက်လျှောက်သွားလိုက်ပြီး လေဟာနယ်ကို တွန်းလိုက်သည်။ သူပြတင်းပေါက်ကနေ ငုံ့ကြည့်နေလိုက်ကာ တိတ်ဆိတ်ငြိမ်သက်နေပြီး မကွဲပြားသည့် ပူဆွေးသောကအချို့ကပ်ပါနေသည်။ ထိုပူဆွေးနေမှုမှာမသိသာလှပေ။ မျက်တောင်တဖျက်အခတ်မှာတင် ပျောက်ကွယ်သွားကာ အရာအားလုံးက သူနဲ့မသက်ဆိုင်သလို ရုပ်တည်ကြီးသာ ပြန်ဖြစ်သွားလေသည်။

သူပြတင်းပေါက်အပြင်ဖက်ကို တိတ်တိတ်ဆိတ်ဆိတ်လေး အကြာကြီးရပ်ကြည့်နေခဲ့သည်။ ထို့နောက် ပြတင်းပေါက်တံခါးကိုပိတ်လိုက်ကာ ခေါင်းလေးငုံ့ဆင်းသွားပြီး ညင်ညင်သာသာဖြင့် မသိမသာလေး နှုတ်ခမ်းပါးများ ကော့တက်သွားတော့သည်။

ယန်းချင်းချီ သရုပ်ဆောင်လို့အပြီးမှာ တစ်ခန်းလုံး တအောင့်လောက်ကြာတဲ့အထိ တိတ်ဆိတ်နေခဲ့သည်။ လျို့မုန်က အရင်ဆုံးစကားစပြောသူဖြစ်ကာ သူ့အားမေးလာသည်။

''မင်း ဘာလို့ အဲ့မေးခွန်းကိုထပ်ထည့်လိုက်တာလဲ ငါ မင်းကိုပေးတဲ့ စာသားထဲမှာ အဲ့စာ​ကြောင်းမပါဘူး ''

''ကျွန်တော်သိပါတယ် ''

ယန်းချင်းချီ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။

''ဇာတ်လမ်းဖွဲ့စည်းပုံအရ မုန့်လော့က နောက်ဆုံးလူသတ်သမားဆိုတာကို ကျွန်တော်သိတယ် ဒါပေမဲ့ အဓိကဇာတ်လိုက်မထုတ်ဖော်သရွေ့ သူက လူသတ်သမားဆိုတာ ဘယ်သူမှမသိခဲ့ကြဘူး။ အဲ့ဒါက ဇာတ်လမ်းအတွက်အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုပဲ ဒါကြောင့် အဲ့နေရာမရောက်ခင်အထိ မုန့်လော့ရဲ့အမူအရာက သံသယဝင်စရာအချက်တွေကိုရှောင်ရှားဖို့ သဘာဝကျနေသင့်တယ်

သားတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လောလောလတ်လတ် အဖေအသတ်ခံထားရတယ် အဲ့တော့ ရဲတွေက တခြားလူတွေကို မေးမြန်းမယ်ဆိုတာတွေ့တော့ ဘယ်သူ့ကိုစုံစမ်းစစ်ဆေးမှာလဲဆိုတာ သူ့အနေနဲ့ သိချင်မှာပဲ သူလည်း အဲ့နေရာကိုလိုက်ချင်မှာပဲ ဒီအမှုနဲ့ ပတ်သက်တဲ့သတင်းတွေ သိချင်မှာပဲ တကယ်လို့ မုန့်လော့သာ ရဲကို 'ခင်ဗျားသွားနိုင်ပြီ'လို့ အေးစက်စက်ပြောလိုက်ရင် အဲ့ဒါက လူ့သဘာဝအတိုင်း သရုပ်ဆောင်တာမဟုတ်တော့ဘူး သံသယဝင်စရာကောင်းသွားပြီ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now