7

231 6 7
                                    

Love is accidental (S -2)

Ch - 7

1.

ကံကောင်းထောက်မစွာနဲ့ပဲ လက်ထပ်စာချုပ်မှာ ကျွန်တော်နဲ့ကိုနှိုင်း လက်မှတ်ထိုးပြီး ကျွန်တော်တို့ရဲ့ အကျဉ်းရုံးလက်ထပ်ပွဲလေးက အောင်မြင်သွားတယ် ။ အဲ့ဒါကြောင့် ကျွန်တော် ကိုနှိုင်းရဲ့ခါးကိုဖက်လိုက်ပြီး

" ဒီနေ့ကနေစပြီး ကျွန်တော်တတ်နိုင်တာထက်ပိုအောင် လင့်ဝတ္တရားငါးပါးနဲ့အညီ ကိုနှိုင်းအနားမှာနေပါ့မယ် "

လို့ တိုးတိုးပြောလိုက်တယ် ။ ခါတိုင်းလူရှေ့မှာ ဒီလိုဖက်ဖို့မပြောနဲ့ လက်ကိုင်ရင်တောင်သိပ်မကြိုက်တဲ့ကိုနှိုင်းက ဒီနေ့ကျတော့ ခါးဖက်တာကိုမရုန်းပဲ ပြုံးပြီး

" ကျွန်တော်လည်း ညီ့အနားမှာ လင့်ဝတ္တရားငါးပါးနဲ့အညီ ကျွန်တော်နဲ့ညီရဲ့ရေစက်မကုန်သေးသရွေ့နေပါ့မယ်လို့ ကတိပေးတယ် "

လို့ ပြောတယ် ။ ကိုနှိုင်းစကားဆုံးတော့ မစိမ့်နဲ့ဝေကြီးက ကျွန်တော်တို့အနားလျှောက်လာပြီး

" ကဲ လင်မယားတွေ .... အိမ်ရောက်မှကလူကျီစယ်ကြတော့ .... အခုငါတို့ဗိုက်ဆာနေပြီ .... တစ်ခုခုလိုက်ကျွေး "

လို့ ပြောလို့ ရယ်လိုက်ပြီး

" ဟုတ်ပါပြီ .... ကြိုက်တာစား .... ကျသလောက်ရှင်းမယ် "

လို့ ပြောလိုက်တယ် ။ ပြီးတော့ ကိုနှိုင်းလက်ကိုဆွဲပြီး မစိမ့်တို့အနောက်ကို လိုက်သွားလိုက်တယ် ။

2.

မမနဲ့ညီ့သူငယ်ချင်းက ကျွန်တော်တို့လိုက်ကျွေးတဲ့နေ့လည်စာကိုစားပြီး ရန်ကုန်တန်းဆင်းသွားလို့ အိမ်မှာ ကျွန်တော်နဲ့ညီ နှစ်ယောက်ထဲပြန်ဖြစ်သွားတယ် ။ ခါတိုင်းလည်းဒီလိုပဲအတူတူနေလာတာဆိုပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့က အကြင်လင်မယားအရာရောက်သွားပြီဆိုတော့ နည်းနည်းနေရထိုင်ရခက်တယ် ။ အဲ့ဒါကြောင့် အဝတ်အစားလဲရင်း ကိုယ်လက်သန့်စင်နေတဲ့ညီ့ကို ကျွန်တော်တို့ရန်ကုန်ကပါလာတဲ့ပစ္စည်းတွေ နေရာချရင်း စောင့်နေလိုက်တယ် ။ ဆယ့်ငါးမိနစ်လောက်ကြာတော့ ညီက အခန်းထဲကထွက်လာပြီး ကျွန်တော့်အရှေ့မှာဝင်ထိုင်တယ် ။ ပြီးမှ

💛 Love is accidental 💛 (20)Tempat cerita menjadi hidup. Temukan sekarang