2

337 6 4
                                    

Love is accidental (S -2)

Ch - 2

1.

ညီက ဟိုတယ်မန်နေဂျာဆီက စက်ဘီးတစ်စီးငှါးလာပြီး ရှုတည်တည်နဲ့

" ကိုနှိုင်း .... အနောက်ကထိုင် "

လို့ ပြောပြီး အနောက်ခုံကို လက်နဲ့ပုတ်ပြတယ် ။ ညီ့ပုံစံက တကယ်နင်းတော့မဲ့ပုံမို့လို့ ပြုံးပြီး စက်ဘီးနောက်ခုံမှာ တင်ပါးလွှဲထိုင်လိုက်တယ် ။ အဲ့ဒီတေါ့မှ ညီက စက်ဘီးပေါ်ခွထိုင်ပြီး စက်ဘီးကိုစနင်းတယ် ။ နင်းနေရင်းက

" ကိုနှိုင်း .... ကျွန်တော့်ကိုဖက်ထား "

လို့ လှမ်းပြောတယ် ။ အဲ့ဒါကြောင့် ညီ့ခါးကို အနောက်ကနေ မလျော့မတင်းဖက်လိုက်တယ် ။ အဲ့ဒီတေါ့မှ ညီက သဘောတကျနဲ့ တဟားဟားအော်ရယ်ပြီး

" ကျွန်တော်တို့ ကမ္ဘာဆုံးတဲ့အထိနင်းသွားကြမယ် "

လို့​ ပြောတယ် ။

2.

ကျွန်တော် ကိုနှိုင်းကိုစက်ဘီးပေါ်တင်နင်းပြီး ဟိုတယ်အနားက ပန်းခြံဆီခေါ်လာခဲ့လိုက်တယ် ။ ညနေစောင်းဆိုတော့ ပန်းခြံထဲမှာလူတွေစည်နေတယ် ။ အဲ့ဒါကြောင့် ကိုနှိုင်းကို လူနည်းနည်းရှင်းတဲ့ ပန်းပင်တွေအနားကိုခေါ်လာခဲ့လိုက်တယ် ။ နှစ်ယောက်သား အချိန်တော်တော်ကြာအောင် မျက်စိရှေ့မှာမြင်နေရတဲ့မြင်ကွင်းကိုငေးကြည့်နေကြပြီးမှ

" ကိုနှိုင်း "

လို့ ခေါ်လိုက်တယ် ။ ကျွန်တော်ခေါ်လိုက်တဲ့အချိန်နဲ့ ကိုနှိုင်းက ညီလို့ခေါ်လိုက်တဲ့အချိန်က တိုက်တိုက်ဆိုင်ဆိုင် တူနေလို့ နှစ်ယောက်စလုံး သဘောကျပြီးအတူတူရယ်လိုက်မိတယ် ။ ပြီးမှ ကိုနှိုင်းကို

" ကိုနှိုင်းအရင်ပြော "

လို့ ပြောလိုက်တယ် ။ ဒါပေမဲ့ ကိုနှိုင်းက

" ညီအရင်ပြော "

လို့ ပြုံးပြီးပြောတယ် ။ အဲ့ဒါကြာင့် ခေါင်းညိတ်လိုက်ပြီး

" ကိုနှိုင်းကိုမေမေပေးတဲ့ပိုက်ဆံတွေလေ .... အဲ့ဒါတွေ ကျွန်တော်သိမ်းထားတယ် ..... အစကပြန်ပေးမလို့စိတ်ကူးထားပေမဲ့ အခုမပေးချင်တော့ဘူး .... အဲ့ဒီပိုက်ဆံတွေနဲ့ ကျွန်တော်တို့အိမ်ဖြစ်ဖြစ် တိုက်ခန်းဖြစ်ဖြစ်ဝယ်ပြီး စီးပွါးရေးလုပ်ငန်းလေးတစ်ခုလောက်လုပ်မလားလို့ "

💛 Love is accidental 💛 (20)Where stories live. Discover now