6.

132 3 0
                                    

Love is accidental (S -2)

Ch - 6

1.

ကိုနှိုင်းက

" ညီ .... "

" ဘယ်လိုဖြစ်နေတာလဲ .... မစိမ့်ရှိတယ်လေ "

လို့ ပြောပြီး ကျွန်တော့်ဆီကနေ အတင်းရုန်းထွက်နေလို့ ကျွန်တော် ကိုနှိုင်းကို ပိုပြီးတင်းနေအောင်ဖက်လိုက်ပြီး

" ရှိပါစေပေါ့ .... မစိမ့်က ကျွန်တော်တို့ကို လင်မယားအရာမြောက်စေချင်နေတာ "

လို့ ရယ်ဟဟနဲ့ပြောလိုက်တယ် ။ ပြောရင်းနဲ့ ကိုနှိုင်းရဲ့နားရွက်ကို သွားနဲ့ဖွဖွကိုက်လိုက်တယ် ။ ကိုနှိုင်းက

" ညီနော် .... ရောင့်မတက်လာစမ်းနဲ့ကွာ "

လို့ အော်ပြီးရုန်းနေပေမဲ့ အရမ်းအားမပါလို့ ကျွန်တော်ပြုံးလိုက်ပြီး

" လာ .... အေးတယ် .... ကျွန်တော်တို့ဖက်အိပ်ရအောင် "

လို့ ပြောပြီး ကိုနှိုင်းကိုအိပ်ရာထဲဆွဲလှဲလိုက်တယ် ။

2.

ကိုနှိုင်းက ဘာလျှို့ဝှက်ချက်မှမရှိတဲ့လူဆိုတော့ အေးအေးဆေးဆေးအိပ်ပျော်နိုင်ပေမဲ့ ကျွန်တော်ကတော့ မတူဘူးလေ ။ အဲ့ဒါကြောင့် အိပ်ပျော်နေတဲ့ ကိုနှိုင်းကိုအခန်းထဲမှာထားပြီး အပြင်ထွက်လာခဲ့လိုက်တယ် ။ ကျွန်တော်အပြင်ရောက်တော့ မစိမ့်က ပြုံးပြပြီး

" ဘယ်လိုလဲ .... အဆင်ပြေကြရဲ့လား "

လို့ မေးတယ် ။ မစိမ့်ဘာကိုမေးတာမှန်း ကျွန်တော်သိပေမဲ့

" ကျွန်တော်စိုးရိမ်နေတယ် မစိမ့် "

လို့ ပြောပြီး စကားလမ်းကြောင်းလွှဲလိုက်တယ် ။ ကျွန်တော့်စကားကိုကြားတော့ မစိမ့်က မျက်ခုံးပင့်ကြည့်ပြီး

" ဟော .... ရုတ်တရက်ကြီး ဘာဖြစ်တာလဲ ညီ "

လို့ မေးတယ် ။ ကိုနှိုင်းဆေးရုံတက်ရတဲ့နေ့ကတည်းက ကျွန်တော်ကိုနှိုင်းကိုလျှို့ဝှက်ထားတဲ့ကိစ္စတွေ မစိမ့်ကိုပြောပြထားပြီးပြီမို့လို့ သက်ပြင်းချလိုက်ပြီး

" ကိုနှိုင်းသတိပြန်ရလာရင် ဘယ်လိုလုပ်မလဲ မစိမ့် ... ကိုကောင်းပြောသလိုဆို သိပ်မကြာခင် ကိုနှိုင်းသတိပြန်ရလာလိမ့်မယ် "

💛 Love is accidental 💛 (20)Where stories live. Discover now