၁၀

490 19 0
                                    

💛 Love is accidental 💛

အပိုင်း ၁၀

ကျွန်တော် အဆောင်ပြန်ရောက်တော့ ညကိုးနာရီကျော်နေပြီ ။ ရှစ်နာရီခွဲအဆောင်ပိတ်တယ် ။ ဒါပေမဲ့ ကျွန်တော် က နေ့တိုင်း ညကိုးနာရီကျော်မှ အိမ်ပြန်ရောက်တယ် ။ ဒီနေ့လဲ ကိုးနာရီကျော်မှ ပြန်ရောက်တာမို့လို့ အဆောင်ပိုင်ရှင်အန်တီရဲ့ ဆူပူစကားတွေကို ခါတိုင်းလို ကြားရအုံးမယ် ။ ကျွန်တော် အိမ်တံခါးကို အသာလေးဖွင့်လိုက်တော့ ခါတိုင်း လူမစုံမချင်း အိမ်ရှေ့ခန်းမှာထိုင်စောင့်နေတတ်တဲ့ အန်တီ ကို ဒီနေ့ ထူးထူးဆန်းဆန်း မတွေ့ရဘူး ။ ပြီးတော့ မီးလဲမဖြတ်သေးဘူး ။ ကျွန်တော် ဖိနပ်စင်မှာ ဖိနပ်ကိုထားပြီး အိမ်ပေါ်တက်လာတော့ ကျွန်တော့်ဘေးမှာကပ်အိပ်ရတဲ့ အုပ်ကြီး ကို

" အုပ်ကြီး … အန်တီ ဘယ်သွားလဲ "

လို့ မေးလိုက်တယ် ။

" အေး ငါလဲမသိဘူး … ရှစ်နာရီလောက်ကတည်းက သူ့အိမ်ဘက်ကူးသွားတာ "

အုပ်ကြီး ရဲ့ အဖြေစကားကိုကြားတော့ ကျွန်တော် ပုခုံးတွန့်လိုက်ပြီး ဝတ်ထားတဲ့ရှပ်အကျီင်္ကို ချွတ်လိုက်တယ် ။ အဲ့ဒီအကျီင်္ကို လျှော်မဲ့တောင်းထဲထည့်ဖို့လုပ်တော့ လျှော်မဲ့တောင်းထဲမှာ ကျွန်တော် ထည့်ထားတဲ့ အဝတ်အစားတစ်ထည်မှမရှိဘူး ။

" ဒီထဲကလျှော်မဲ့အဝတ်တွေဘယ်ရောက်သွားတာလဲ "

ကျွန်တော် ကိုယ့်ဘာသာကိုယ်ပြောပြီး ဟိုဟိုသည်သည်လိုက်ရှာကြည့်နေတုန်း အုပ်ကြီး က

" ညနေက အန်တီ လျှော်နေတာတွေ့တယ် "

လို့ ပြောတယ် ။ အုပ်ကြီး စကားဆုံးတော့ ကျွန်တော် ခေါင်းကုတ်လိုက်ပြီး

" အန်တီ … ဒီနေ့ ငါ့အပေါ်ထူးဆန်းနေတယ် "

လို့ ပြောလိုက်တယ် ။

" မနက်က မင်းကိုပြောဆိုမိတာ အားနာလို့နေမှာပေါ့ "

ကျွန်တော့်စကားကို အုပ်ကြီး က ပြန်ပြောတယ် ။

" ဒီနေ့တစ်ရက်ထဲအပြောအဆိုခံရတာမှမဟုတ်တာကွာ … နေ့တိုင်းအပြောခံနေရတာကိုပဲ "

ကျွန်တော် ရယ်ပြီးပြောတော့ အုပ်ကြီး က

" ခါတိုင်းလဲပြောနေတာပဲဆိုပေမဲ့ ဒီမနက် အန်တီ တော်တော်လွန်တယ်ကွ "

💛 Love is accidental 💛 (20)Where stories live. Discover now