758 38 2
                                    

💛 Love is accidental 💛

အပိုင်း ၃

" ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တစ်ရွက်ပျောက်နေတယ်ဟေ့ "

ထိုစကားသံနှင့်အတူ သံသယတို့နှင့် ပြည့်လျှံနေသော အကြည့်တစ်စုံက နှိုင်း ထံ ရောက်လာသည် ။ နှိုင်း ထိုအကြည့်တို့မှ ရှောင်လွှဲရန် အသံရှင် ဒေါ်လေး ကို ကျောခိုင်း၍ အိမ်အကူကောင်လေး ကိုင်နေသော ကမွန်းရွက်ကို ကူကိုင်ပေးနေလိုက်သည် ။ နှိုင်း ကမွန်းရွက်ကို သဲကြီးမဲကြီး ကိုင်နေစဉ်မှာပင်

" ဟေး … မုန့်ဝယ်လာတယ်ဟေ့ "

ဟူသော အသံနှင့်အတူ နှိုင်း ၏ အဖွားဖြစ်သူက မီးဖိုချောင်ထဲဝင်လာသည် ။ ဝယ်လာသောမုန့်များကို မီးဖိုချောင်ထဲတွင်ရှိနေသောလူအားလုံးကို ဝေပေးသည် ။ သို့သော် ထိုလူများထဲတွင် နှိုင်း မပါ ။ ဒေါ်လေး က မုန့်ဘူးကိုဖောက်၍ နှိုင်း အရှေ့တွင် ထိုင်စားနေသည် ။ နှိုင်း ကို စားပါအုံး ဟု အားနာပါးနားနှင့်ခေါ်ရန်ပင် သတိရဟန်မတူ ။ အကင်းပါးသော အိမ်အကူကောင်လေး က ငိုင်သွားသော နှိုင်း ကို ပြုံးပြကာ

" နှိုင်း စားပါအုံးလား "

ဟု ခေါ်သည် ။ နှိုင်း ထိုအိမ်အကူကောင်လေး ကို ခေါင်းခါပြလိုက်ပြီး

" အိမ်သာခဏသွားအုံးမယ် "

ဟု ပြောကာ နေရာမှ ထွက်လာခဲ့လိုက်သည် ။

🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁

" ဒုန်း ဒုန်း ဒုန်း "

မနက်မိုးမလင်းသေးဘူး ကျွန်တော့်အခန်းတံခါးကို တစ်ယောက်ယောက်က လာခေါက်နေလို့ ကျွန်တော် အိပ်ချင်မူးတူး နဲ့ အိပ်ရာထဲမှာ ထထိုင်လိုက်တယ် ။

" ဒီလောက်အစောကြီးကိုကွာ "

ကျွန်တော် မကျေမနပ်နဲ့ ရေရွတ်ပြီး ကုတင်ပေါ်ကဆင်းလိုက်တယ် ။ ပြီးတော့ အခန်းတံခါးကို စိတ်မပါလက်မပါနဲ့ ဆွဲဖွင့်လိုက်တယ် ။ အခန်းဝမှာရပ်နေတဲ့ ကြီးမေ ကို မြင်တော့ လန့်သွားတယ် ။

" ကြီးမေ … ဘာဖြစ်လို့လဲ "

ကျွန်တော့် မေးခွန်းကိုကြားတော့ ကြီးမေ က ကျွန်တော့် ကို အခန်းထဲက အတင်းဆွဲထုတ်ပြီး

💛 Love is accidental 💛 (20)Where stories live. Discover now