Season - 2(1)

391 6 0
                                    

Love is accidental (S -2)

Ch - 1

မစိမ့်က ကိုနှိုင်းနဲ့စကားပြောနေတဲ့ ကျွန်တော့်အနားမှာဝင်ထိုင်ပြီး

" ညီတို့အိမ်ပြန်လို့ဖြစ်ပါ့မလား .... အဆင်မပြေရင် မစိမ့်အိမ်မှာလိုက်နေလေ "

လို့ ပြောတယ် ။ ကိုနှိုင်းကိုကြည့်လိုက်တော့ ကိုနှိုင်းကပြုံးပြပြီး

" ရတယ် မမ .... ကျွန်တော်ညီနဲ့နှစ်ယောက်ထဲပြောစရာကိစ္စတွေရှိသေးတယ် "

လို့ ပြောတယ် ။ ကိုနှိုင်းပြောသလို ကျွန်တော် ကိုနှိုင်းနဲ့တကယ်ပြောစရာရှိသေးလို့ မစိမ့်ကို

" ကျွန်တော်စိတ်ရူးပေါက်နေတုန်း ကိုနှိုင်းကိုစောင့်ရှောက်ထားပေးလို့ ကျေးဇူးတင်ပါတယ် မစိမ့် .... ဒါပေမဲ့ အခုကစပြီး ကိုနှိုင်းကိုကျွန်တော်သေချာစောင့်ရှောက်မှာပါ ... အဲ့ဒါကြောင့် စိတ်ချလက်ချနဲ့ ကိုနှိုင်းကိုကျွန်တော့်လက်ထဲအပ်လိုက်ပါ "

လို့ ပြောလိုက်တယ် ။ အဲ့ဒီတေါ့မှ မစိမ့်ကခေါင်းညိတ်ပြီး

" ညီတို့အဆင်ပြေရင် မစိမ့်ကရတယ် "

လို့ ​ပြန်ပြောတယ် ။

🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃

ကျွန်တော် ဆေးရုံကဆင်းတော့ ညီနဲ့အတူ ညီနေနေတဲ့ဟိုတယ်ကိုလိုက်လာခဲ့လိုက်တယ် ။ ညီက ပွထနေတဲ့အခန်းကို အခုမှအသဲအသန်ရှင်းရင်း

" ကိုနှိုင်း .... အခုဘယ်မှာနေနေလဲ "

လို့ မဝံ့မရဲနဲ့မေးတယ် ။ အဲ့ဒါကြောင့် ပြုံးလိုက်ပြီး

" လှည်းတန်းက အဆောင်တစ်ခုမှာ "

လို့ အဖြေပေးလိုက်တယ် ။ အဲ့ဒီစကါးကိုကြားတော့ ညီက မျက်မှောင်ကြုံ့ကြည့်ပြီး

" အဲ့ဒီနေရာမှာ ဒုက္ခသွားခံပြန်ပြီ .... အခုကစပြီး ကျွန်တော်နဲ့လာပြန်နေတော့ "

လို့ ပြောတယ် ။ အဲ့ဒါကြောင့် ပြုံးလိုက်ပြီး

" လာနေပြီး ညီကကျွန်တော့်ကိုထပ်မောင်းထုတ်ရင် ဘယ်သွားနေရမလဲ "

လို့ မေးလိုက်တယ် ။ ဒီစကါးကိုကြားတော့ ညီ့မျက်နှာက ချက်ချင်းတည်သွားပြီး အနားကိုလျှောက်လာတယ် ။ ပြီးတော့ ထိုင်နေတဲ့ကျွန်တော့်ကိုဖက်ပြီး

💛 Love is accidental 💛 (20)Where stories live. Discover now