Love is accidental (S -2)
Ch - 9
1.
စိတ်ဆိုးနေတဲ့လူကို ချော့ဖို့စိတ်မကူးပဲ
" ညီ .... ဆေးရုံမှာကို ဘယ်လိုဖြစ်နေတာလဲ .... မရှက်ဘူးလား "
လို့ ပြောနေတဲ့ ကိုနှိုင်းကို ကျွန်တော် မကြည်ကြည့်,ကြည့်လိုက်ပြီး
" မရှက်ဘူး "
လို့ အော်လိုက်တယ် ။ အဲ့ဒီတေါ့မှ ကိုနှိုင်းကပြုံးပြီး
" အေးပါ .... မစတော့ဘူး .... ဟုတ်ပြီလား "
လို့ ပြောတယ် ။ ပြောရင်းနဲ့ ကျွန်တော့်လက်ကိုဆုပ်ကိုင်တယ် ။ ပြီးမှ
" အိမ်ပြန်ရအောင် .... အိမ်ပြန်ရောက်မှဆက်ကောက် ... ဟုတ်ပြီလား "
လို့ ထပ်ပြောတယ် ။ အဲ့ဒါကြောင့် မျက်စောင်းထိုးလိုက်ပြီး
" တခြားဟာတွေအကုန်လုံးကို အခုမှပြန်မှတ်မိတာဟုတ်ရောဟုတ်ရဲ့လား "
လို့ မေးလိုက်တယ် ။ ကိုနှိုင်းကပြုံးပြီး
" ကဲ .... ဘယ်လိုသက်သေပြပေးရမလဲ "
လို့ မေးတော့မှ ပြုံးပြီးမတ်တပ်ထရပ်လိုက်တယ် ။
2.
ညီက အိမ်နားရောက်ကာနီးမှ
" အိမ်မှာအဖွားရှိတယ် "
လို့ ပြောလာလို့ ကျွန်တော်ညီ့ကိုကြည့်လိုက်ပြီး
" ရပါတယ် .... ကျွန်တော်က လူကြီးတွေနဲ့အဆင်ပြေတယ် "
လို့ ပြောလိုက်တယ် ။ ကျွန်တော့်စကားဆုံးတော့ ညီက မျက်စောင်းထိုးပြီး
" ပိုပြန်ပြီ .... နေ့လည်တုန်းကတော့ မျက်နှာကပြိုတော့မဲ့မိုးလိုညိုနေပြီးတော့ "
လို့ ပြောတယ် ။ အဲ့ဒါကြောင့် ညီ့လက်ကိုဖွဖွဆုပ်ကိုင်လိုက်ပြီး
" နေ့လည်က ကျွန်တော်ကအပြည့်အဝမှသတိပြန်မရသေးတာ .... ပြီးတော့ ညီ့ကိုလည်းသိပ်မသိဘူးလေ ..... ဒါပေမဲ့ အခုသိသွားပြီ .... ကျွန်တော့်အတွက် ညီဘယ်လောက်အထိ စွန့်လွှတ်အနစ်နာခံခဲ့လဲဆိုတာ သိသွားပြီမို့လို့ ညီ့အဖွားက ညီ့ကိုကျွန်တော့်ဆီမှာ စိတ်ချလက်ချထားနိုင်အောင်ပြောမှာမို့လို့ စိတ်မပူနဲ့ .... ဟုတ်ပြီလား "
YOU ARE READING
💛 Love is accidental 💛 (20)
General Fictionပထမဆံုးစေရးခဲ့တဲ့ bl ပါ 😊😊😊 ပထမဆုံးစရေးခဲ့တဲ့ bl ပါ 😊😊😊