4

222 5 6
                                    

Love is accidental (S -2)

Ch - 4

1.

ညီက အူကြောင်ကြောင်နဲ့ မတ်တပ်ရပ်နေတဲ့ကျွန်တော့်ကိုကြည့်ပြီး

" ထိုင်လေ ကိုနှိုင်း "

လို့ ပြောတယ် ။ ပြောရင်းနဲ့လည်း ကျွန်တော့်ပုခုံးနှစ်ဖက်ကို လက်နဲ့ဖိပြီး ခုံမှာထိုင်ခိုင်းတယ် ။ ပြီးမှ

" အရင်ထိုင်အုံး .... ထိုင်ပြီးမနက်စာစား .... ဆေးသောက်ရမယ် ..... ပြီးရင် ကိုနှိုင်းမေးသမျှအကုန်ဖြေပေးမယ် .... ဟုတ်ပြီလား "

လို့ ပြောတယ် ။ ပြောပြီးတာနဲ့ ကျွန်တော့်အရှေ့က ရှမ်းခေါက်ဆွဲပန်းကန်ကို ဆွဲယူပြီး စိတ်ရှည်လက်ရှည်နဲ့မွှေပေးတယ် ။ မွှေနေရင်းကလည်း
" ပူတုန်းလေးစား .... ခဲသွားရင်စားမကောင်းတော့ဘူး "

လို့ ပြောနေသေးတယ် ။ အဲ့ဒါကြောင့် ကျွန်တော် ပြုံးလိုက်ပြီး

" ကျေးဇူး ညီ "

လို့ ပြောလိုက်တယ် ။

2.

ကိုနှိုင်းက ကျွန်တော့်စကားကိုနားထောင်ပြီး ငြိမ်ငြိမ်လေးရှမ်းခေါက်ဆွဲထိုင်စားနေပေမဲ့ မေးစရာတွေအများကြီးရှိနေမှန်းသိတယ် ။ ကိုနှိုင်းလိုပဲ ကျွန်တော့်မှာလည်း ရှင်းပြစရာတွေအများကြီးရှိတယ် ။ ဒါပေမဲ့ ဘယ်ကနေဘယ်လိုရှင်းပြရမလဲ စဉ်းစားလို့မရဘူး ။ ဒါပေမဲ့ တခြားဟာကိုမရှင်းပြရင်တောင် ခိုးပြေးလာတယ်ဆိုတဲ့ကိစ္စကို ရှင်းပြမှဖြစ်မှာမို့လို့ ချောင်းဟန့်လိုက်ပြီး

" ကိုနှိုင်း "

လို့ ခေါ်လိုက်တယ် ။

" ဗျာ "

ဆိုတဲ့ ထူးသံနဲ့အတူ မော့ကြည့်လာတဲ့ ကိုနှိုင်းမျက်လုံးတွေက ခရစ်စတယ်တုံးလေးလို ကြည်စင်နေလို ကျွန်တော် ပြောစရာကို စက္ကန့်ပိုင်းလောက်မေ့သွားပြီး

" ကျွန်တော့်ယောက်ျားလေးက ကြည့်ကောင်းလိုက်တာ "

လို့ ပြောလိုက်တယ် ။ အဲ့ဒီစကါးကိုကြားတော့ ကိုနှိုင်းမျက်နှာက ချက်ချင်းနီလာတယ် ။ အဲ့ဒါကြောင့် ရယ်လိုက်ပြီး

💛 Love is accidental 💛 (20)Where stories live. Discover now